K pop

■ BTS အတွက် Jungkook ဘယ်လောက်ထိ အရေးပါကြောင်း RM ဖွင့်ဟ

— – – တကယ်လို့ အခြေအနေတစ်ခုခုကြောင့် Jungkook သာ မပါဝင်နိုင်ဘူးဆိုရင် …

BTS အဖွဲ့ရဲ့ documentary တစ်ခုဖြစ်တဲ့ Burn The Stage မှာ ချီလီမှာ BTS အဖွဲ့ ဖျော်ဖြေခဲ့စဉ်က အဖွဲ့ရဲ့ အသက်အငယ်ဆုံးအဖွဲ့ဝင် Jungkook ဟာ အားအင်ကုန်ခမ်းပြီး စတိတ်ပေါ်မှာ လဲကျမလို ဖြစ်ခဲ့တာကြောင့် BTS အဖွဲ့ဝင်တွေအားလုံး အားလုံးစိုးရိမ်ခဲ့ရပါတယ်။

အဲဒီ ချီလီမှာ ပြုလုပ်ခဲ့တဲ့ Concert မှာ Jungkook ဟာ ကျန်းမာရေးအခြေအနေ မကောင်းတာကြောင့် ဖျော်ဖြေမှုတစ်ခု လုပ်ပြီးတိုင်း စတိတ်နောက်ကွယ်မှာ respirator (အသက်ရှုကိရိယာ)နဲ့ အသက်ရှုခဲ့ရတာပါ။ အဲဒီတုန်းက အခြေအနေနဲ့ ပတ်သက်ပြီး RM က Burn The Stage မှာ အခုလိုပဲ ပြောထားပါတယ်။

RM က “တကယ်လို့ Jungkook က မဖျော်ဖြေနိုင်ဘဲ နားနေရမယ်ဆိုရင် ကျွန်တော်တို့အတွက် ဆုံးရှုံးမှုက အရမ်းကြီးမားသွားမှာပါ။ ဟုတ်ပါတယ်။ Jungkook မှ မဟုတ်ပါဘူး။ ဘယ်အဖွဲ့ဝင်ဖြစ်ဖြစ် ဖျော်ဖြေမှုမှာ မပါနိုင်ဘဲ ထွက်ထိုင်နေရမယ်ဆိုရင် ဆုံးရှုံးမှုက ကြီးမားမှာပါ။

ဒါပေမဲ့ Jungkook မပါနိုင်တာက တခြားလူတွေနဲ့ မတူပါဘူး။ ဘာကြောင့်လဲဆိုတော့ Jungkook က ကျွန်တော်တို့အဖွဲ့ရဲ့ Main Vocal ဖြစ်တယ်။ ကျွန်တော်တို့ Performances တွေရဲ့ Center ဖြစ်တယ်။ သူက အလွန်အရေးပါတဲ့ အပိုင်းတွေ အများကြီး လုပ်ဆောင်ရသူပါ။ တကယ်လို့ Jungkook သာ ဖျော်ဖြေမှုတွေမှာ မပါနိုင်ဘူးဆိုရင် သူ့နေရာမှာ အစားထိုးဖို့ ကျွန်တော်တို့မှာ လူမရှိပါဘူး”လို့ ဆိုပါတယ်။

— ဃဲ
Ref: Koreaboo & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page