K pop

■ ဒီလိုပြောတတ်တာလေးကြောင့် V ကို မချစ်ဘဲ ဘယ်နေနိုင်မလဲ

— – – V ကို ARMY တွေနဲ့ သူ့ပရိသတ်တွေ ဘာကြောင့်ချစ်တယ်ဆိုတာ သိပါသလား။ အဖြေကတော့ …

BTS အဖွဲ့ဝင် V ကို K-Pop ရဲ့ အချစ်ခံရဆုံး Idol တွေထဲက တစ်ဦးအဖြစ် သတ်မှတ်လို့ ရပါတယ်။ သူ့ရဲ့ ရုပ်ရည်၊ သူ့ရဲ့ Personality တွေကြောင့် ပရိသတ်တွေရဲ့ အချစ်ကို ရရှိထားသလို၊ K-Pop လောကမှာ ဘယ်သူနဲ့မဆို ပေါင်းဖက်နိုင်သူလည်း ဖြစ်ပါတယ်။

V က သူ့ကိုယ်သူတော့ စကားမပြောတတ်ဘူးလို့ ပြောလေ့ရှိပေမဲ့ သူ့ရဲ့ ပြောစကားတွေက ARMY တွေရဲ့ နှလုံးသားကို ရိုက်ခတ်လေ့တာကို သူကိုယ်တိုင် မသိတာကြောင့် ဖြစ်ပါလိမ့်မယ်။ ဒါလေးကိုပဲ ကြည့်လေ။

“ကျွန်တော်က စကားပြော ကောင်းတဲ့သူတစ်ယောက်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ခင်ဗျားတို့(ARMY) အတွက် ကောင်းတာတွေပဲ ကျွန်တော် ပြောချင်တယ်။ ချစ်စရာလေးပဲ ကျွန်တော် လုပ်ချင်တယ်။ ဒါက ဘယ်တော့မှ မပြောင်းလဲပါဘူး။ အသက်အရွယ် ကြီးလာတာနဲ့အမျှ ကျွန်တော် ရင့်ကျက်လာတယ်။

ကျွန်တော် စကားအများကြီး ပြောရင် စကားလုံးတွေက ရှုပ်ထွေးသွားလေ့ရှိတယ်။ ကျွန်တော် ခံစားချက်တွေကို တိုတိုနဲ့ရှင်းရှင်း ဖော်ပြချင်ပေမဲ့ ကျွန်တော့်အတွက် မလွယ်ပြန်ဘူး။ ခင်ဗျားတို့ ဘယ်လောက်ပဲ အသက်ကြီးကြီး ကျွန်တော့်ရဲ့ ခံစားချက်၊ ခင်ဗျားတို့အပေါ်ထားတဲ့ ကျွန်တော့်ရဲ့ ချစ်ခြင်းက ဘယ်တော့မှ မပြောင်းပါဘူး။

ဒီတော့ ကျွန်တော့်ကို ခင်ဗျားတို့ရဲ့ ဂုဏ်ယူစရာအဖြစ် သဘောထားနိုင်ပါတယ်။ ကျွန်တော်က ခင်ဗျားတို့ရဲ့ ဂုဏ်ယူစရာ သားအဖြစ်၊ မြေးအဖြစ်၊ သူငယ်ချင်းအဖြစ်၊ ညီအစ်ကိုအဖြစ်၊ မောင်နှမအဖြစ် အမြဲတမ်း ရှိနေမှာပါ”လို့ V က ဆိုခဲ့တာ ဖြစ်ပါတယ်။

— ဃဲ
Ref: Koreaboo & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page