K pop

■ SM သမိုင်းမှာ ပွဲထွက်သီချင်းနဲ့ Music Show ဆုရတာ (၄)ဖွဲ့ပဲ ရှိတယ်

— – – Inkigayo မှာ aespa အဖွဲ့ ပွဲထွက်သီချင်းနဲ့ ဆုရရှိခဲ့ပြီး တခြား SM အဖွဲ့ (၃)ဖွဲ့ကတော့ …

SM Entertainment က နောက်ဆုံးပွဲထုတ်ထားတဲ့ aespa အဖွဲ့ဟာ (၂)လအကြာမှာပဲ သူတို့ရဲ့ ပွဲထွက်သီချင်း Black Mamba နဲ့ Inkigayo မှာ ပထမဆုံးအကြိမ် Music Show ဆုရရှိခဲ့ပါတယ်။

ဒါဟာ (၁၄)နှစ်အတွင်း ပွဲထွက်သီချင်းနဲ့ Music Show ဆုရတဲ့ ပထမဆုံး SM အဖွဲ့ဖြစ်ခဲ့ပြီး ပွဲထွက်သီချင်းနဲ့ Music Show ဆုရခဲ့တဲ့ SM ထုတ် အဖွဲ့တွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။

S.E.S – “I’m Your Girl” on Show! Music Tank (1998)

TVXQ – “Hug” on Inkigayo (2004)

Girls’ Generation – “Into The New World” on M Countdown (2007)

aespa – “Black Mamba” on Inkigayo (2021)

— ဃဲ
Source: theqoo & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page