— – – Chanyeol လိုချင်တဲ့ လက်ဆောင်ကို ကြားတဲ့အခါ ခင်ဗျား မျက်ရည်ဝေ့သွားပါလိမ့်မယ်။ အဲဒီလက်ဆောင်က Chanyeol နဲ့ တကယ်လည်း ထိုက်တန်ပါတယ်။
K-pop ပရိသတ်တွေက သူတို့ကြိုက်နှစ်သက်တဲ့ Idol ကို လက်ဆောင်ပေးလေ့ရှိပြီး ဒီလိုလုပ်ရတာကိုလည်း သဘောကျကြပါတယ်။ ပရိသတ်တွေဟာ သူတို့ရဲ့ Idol တွေကို Album တွေဝယ်ပြီး အားပေးတာ၊ Livestream လုပ်ပြီး အားပေးတာတွေအပြင် မွေးနေ့မှာ လက်ဆောင်တွေကို ပြင်ဆင်ပေးပါတယ်။
ဒါပေမဲ့ Idol တစ်ယောက်က လိုချင်တဲ့လက်ဆောင်ကို ကြားတဲ့အခါမှာတော့ ခင်ဗျား မျက်ရည်လည်သွားပါလိမ့်မယ်။
နာမည်ကျော် EXO အဖွဲ့ဝင် Chanyeol ဟာ မတ်လထုတ် W Korea မဂ္ဂဇင်းမှာ Cover Model အဖြစ် ဖော်ပြခံခဲ့ရပြီး အဲဒီမဂ္ဂဇင်းနဲ့ အင်တာဗျူး ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီအင်တာဗျူးမှာ Chanyeol က သူ့အကြောင်း၊ EXO အဖွဲ့ဝင်တွေအကြောင်းအပြင် ပရိသတ်တွေကို လက်ဆောင်တွေ ပေးချင်တယ်လို့ ဆိုခဲ့ပါတယ်။
“ဟုတ်ကဲ့ … ကျွန်တော်အနေနဲ့ ကျွန်တော်တို့ရဲ့ EXO-L တွေ၊ ပြီးတော့ ကျွန်တော့်မိဘနဲ့ ကျွန်တော့်အစ်မ အပါအဝင် EXO အဖွဲ့ဝင်တွေကို လက်ဆောင်တွေ ပေးချင်ပါတယ်”- Chanyeol
Chanyeol အနေနဲ့ သူကပဲ လက်ဆောင်ပေးချင်တာ ဖြစ်ပြီး ပရိသတ်တွေဆီက လိုချင်တဲ့ လက်ဆောင်များ ရှိသလားလို့ အင်တာဗျူးက မေးမြန်းခဲ့တဲ့အခါက ဘာမှ မရှိပါဘူးလို့ ချစ်စဖွယ်ပြန်ဖြေခဲ့ပါတယ်။
“ပရိသတ်တွေဆီက အထူးတလည် လိုချင်တဲ့ လက်ဆောင်မျိုး မရှိပါဘူး”- Chanyeol
အင်တာဗျူးသူက အတင်းမေးတဲ့အခါမှာတော့ Chanyeol က “ကောင်းပါပြီ။ ပရိသတ်တွေဆီက ကျွန်တော် လိုချင်တာက မေတ္တတရားနဲ့ ချစ်ခြင်းတရားတွေ ဖြစ်မှာပါ” လို့ ဖြေခဲ့ပါတယ်။
Chanyeol ရဲ့ ဆန္ဒက အရမ်းကို ချစ်စရာကောင်းပါတယ်။
— ဃဲ
Ref: Koreaboo & Photos Credits.
*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***