K pop

■ Views သန်း (၃၀၀)ကျော်တဲ့ ပထမဆုံး MV ကို ပိုင်ဆိုင်ခဲ့တဲ့ Red Velvet

— – – Red Velvet အဖွဲ့ဟာ သူတို့သမိုင်းတစ်လျှောက် You Tube မှာ Views သန်း (၃၀၀)ကျော်တဲ့ ပထမဆုံး …

နာမည်ကျော် ကိုရီးယားအမျိုးသမီးအဖွဲ့ Red Velvet ရဲ့ Hit သီချင်းဖြစ်တဲ့ Bad Boy ဟာ ဇန်နဝါရီ (၁၈)ရက်က You Tube မှာ Views သန်း (၃၀၀)ကျော်သွားခဲ့ပြီး အဲဒီ MV က Views သန်း (၃၀၀) ပြည့်တဲ့ ပထမဆုံး သူတို့အဖွဲ့ရဲ့ MV အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

Red Velvet အဖွဲ့ဟာ Bad Boy MV ကို ၂၀၁၈ ခုနှစ် ဇန်နဝါရီ (၂၉)ရက်က ထုတ်လွှင့်ခဲ့တာဖြစ်ပြီး (၂)နှစ်၊ (၁၁)လနဲ့ (၁၉)ရက် အကြာမှာ You Tube Views သန်း (၃၀၀)ကျော်ခဲ့တာပါ။

ဒါက သူတို့အဖွဲ့အတွက် You Tube မှာ အမြင့်ဆုံးစံချိန်ဖြစ်ခဲ့ပြီး Bad Boy MV ကိုတော့ အောက်က ဗီဒီယိုမှာ ခံစားနိုင်ပါတယ်။

 

— ဃဲ
Ref: Soompi & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page