K pop

■ Jungkook ကို မျက်ရည်ကျစေတဲ့ စကားတစ်ခွန်း

— – – အရင်တုန်းကတော့ ဟုတ်ပါတယ်။ အခုတော့ အဲဒီစကားပြောတဲ့သူဟာ …

ငယ်ငယ်ရွယ်ရွယ်နဲ့ K-Pop Idol တစ်ဦးဖြစ်တဲ့ ပွဲထွက်ခဲ့တဲ့ Jungkook ဟာ BTS အဖွဲ့ဝင် အစ်ကိုတွေရဲ့ စောင့်ရှောက်မှုနဲ့အတူ ကြီးပြင်းလာခဲ့သူဖြစ်ပြီး အဲဒီအကြောင်းကို သူကိုယ်တိုင်လည်း မကြာခဏဆိုသလို ဖွင့်ပြောတတ်သူပါ။

Cultwo Show မှာ BTS အဖွဲ့ဝင်တွေက သူတို့ဖြတ်သန်းခဲ့တဲ့ကာလအတွင်း Jungkook ရဲ့ ပြောင်းလဲမှုတွေထဲက အမြင်ဆုံး ပြောင်းလဲမှုကို ပြောပြခဲ့ကြပါတယ်။

V က “Jungkook အသက် (၁၈)နှစ်မပြည့်ခင်တုန်းက ကျွန်တော်တို့ထဲက တစ်ယောက်ယောက်က Jungkook မင်း ငိုနေတာလားလို့ မေးတာနဲ့ Jungkook က ငိုတော့တာပါပဲ”လို့ ဆိုခဲ့ကြပါတယ်။ ဒါကို အဖွဲ့ဝင်တွေအားလုံးက ထောက်ခံခဲ့ပြီး အဲဒီတုန်းက Jungkook က အရမ်းမျက်ရည်လွယ်တဲ့ ကောင်းလေးပါလို့ ဆိုခဲ့ကြတာပါ။

ဒါပေမဲ့ အသက် (၁၈)နှစ်ပြည့်ပြီး အရွယ်ရောက်လာတဲ့အခါမှာတော့ Jungkook ဟာ ငယ်ငယ်တုန်းကလို မျက်ရည်လွယ်တဲ့ ကောင်လေး မဟုတ်တော့ကြောင်း အဖွဲ့ဝင်တွေက ဆိုပါတယ်။

Jimin က “တကယ်လို့ ခုအချိန်မှာ ခင်ဗျားအနေနဲ့ Jungkook မင်း ငိုနေတာလားလို့ မေးမယ်ဆိုရင်တော့ Jungkook က မေးတဲ့သူကို ထရိုက်ပါလိမ့်မယ်”ဆိုပြီး နောက်ပြောင်ခဲ့တာကြောင့် အားလုံးပွဲကျခဲ့ကြပါတယ်။

— ဃဲ
Ref: Koreaboo & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page