K pop

■ Minho ထက်ပိုချောပြီး ပိုနာမည်ကြီးတဲ့ အစ်ကို

—- ကဲ K-popper တွေ၊ Drama Fan တွေ…Minho ကိုမှမရရင်တော့ မတ်လေးတော့ ဖြစ်အောင် ကြိုးစားလို့ရပါတယ်…

SHINee အဖွဲ့ဝင် Minho ဟာ သူ့ရဲ့အစ်ကိုနဲ့ပတ်သက်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ ပုံပြင်တစ်ခုကို SBS’ television show ‘My Little Old Boy’ အစီအစဉ်မှာ ပြောပြခဲ့လို့ ပရိသတ်တွေ သဘောကျခဲ့ ကြပါတယ်။

အစီအစဉ်တွင်းမှာ Minho က သူ့ရဲ့အစ်ကိုဟာ သူ့ထက် (၂)နှစ်ကြီးပြီး သူ့ထက်ပိုတော်တယ်လို့ ပြောခဲ့ပါတယ်။

“ ကျွန်တော့်ရဲ့ အစ်ကိုဟာ ကျွန်တော့်ထက် ပိုစမတ်ကျပြီး အားကစားမှာလည်း ပိုကောင်းပါတယ်။ ပြီး တော့ ကျွန်တော်တို့ ကျောင်းသားဘဝတုန်းကလည်း အလွန်ပေါ်ပြူလာဖြစ်ပြီး တော်တဲ့သူဖြစ်ပါတယ်။ အရမ်းကိုချောရုံသာမက စာလည်းတော်တာပါ။

အခုတော့ သူဟာ Seoul National တက္ကသိုလ်မှာ တက်နေပါတယ်။ မေဂျာကတော့ Physical Education ပါ။ သူဟာ ငယ်ငယ်လေးကတည်းက အတန်းထဲမှာ နံပါတ် 1 ပါပဲ။ သူ့ကို ကျွန်တော် ဘယ်လိုမှမမှီနိုင်ပါဘူး။ အမေဆိုရင် ကျွန်တော့်ကို အစ်ကိုလောက် တစ်ဝက်လောက် မှီရင်ကောင်း မယ်လို့ အမြဲပြောလေ့ရှိတာပါ။

ကျွန်တော် အလယ်တန်းလောက်တုန်းက အဖြစ်အပျက်တစ်ခုကို မှတ်မိပါသေးတယ်။ ချစ်သူများနေ့ မှာပါ။ ကျွန်တော်ဟာ အဲဒီနေ့တုန်းက ချောကလက် နှစ်ခု၊ သုံးခုလောက်ရခဲ့ပြီး ကျွန်တော့်အတွက်က တော့ ကျေနပ်မိတဲ့အရာပါပဲ။ ဒါပေမဲ့ အိမ်ကို အစ်ကို လွယ်အိတ်နဲ့အပြည့် ချောကလက်တွေကို ယူ လာတာတွေ့တော့ ကျွန်တော် အရမ်းကို မနာလိုဖြစ်မိခဲ့ပါတယ်”

-Minho

-m2t
Ref: SBSstar

*Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။*

You cannot copy content of this page