K pop

■ Rosé ကို ဘာကြောင့် Chipmunk လို့ ခေါ်သလဲ ?

— – – Rosé ကို အရမ်းဆွဲဆောင်မှုရှိတယ်လို့ ပြောပြီး Jennie ဘာကြောင့် သူ့ကို Chipmunk လို့ ခေါ်သလဲဆိုတာက …

BLACKPINK အဖွဲ့မှာ Jennie က Rosé ကို Chipmunk (ရှဉ့်မျိုးစိတ်တစ်မျိုး)လို့ ခေါ်လေ့ရှိတယ်လို့ ဆိုပါတယ်။ တစ်ခါတုန်းက Jennie ဟာ ရေဒီယိုအစီအစဉ်မှာ အဖွဲ့ဝင်တွေ ဘယ်လောက်လှကြောင်း ပြောပြခဲ့ပါတယ်။

အဲဒီတုန်းက Rosé နဲ့ပတ်သက်လို့ Jennie က “Rosé က အရမ်းဆွဲဆောင်မှု ရှိပါတယ်။ အမျိုးသားတွေရဲ့ နှလုံးသားကို လှုပ်ခတ်နိုင်တဲ့ sexy charm ကို သူက ပိုင်ဆိုင်ထားတာပါ”လို့ ဆိုခဲ့တာပါ။

Jennie ရဲ့ စကားကို ကြားပြီးနောက်မှာ Rosé က ဒါဆို သူ့ကို Chipmunk လို့ ခေါ်တာတုန်းလို့ Jennie ကို မေးမြန်းခဲ့ပါတယ်။

အဲဒီအခါ Jennie က “ပုံမှန်အတိုင်း နေမယ်ဆိုရင် Rosé က Chipmunk လေးပါပဲ။ ဒါပေမဲ့ ကျွန်မတို့ မဂ္ဂဇင်းတွေ၊ MV တွေအတွက် ဓာတ်ပုံတွေအတူတူ ရိုက်တဲ့အခါမျိုးမှာ Rosé ရဲ့ sexy charm တွေ ပေါ်လာလေ့ရှိပါတယ်”လို့ ဆိုခဲ့တာပါ။

— ဃဲ
Ref: Koreaboo & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page