Celebrity

■ Kim Seon Ho နဲ့ Moon Gayoung တို့ ဒရာမာသစ်အတွက် ဆွေးနွေးနေကြ

— Start-Up ဒရာမာနဲ့ တစ်ဟုန်ထိုးနာမည်ကျော်ကြားလာတဲ့ မင်းသား Kim Seon Ho နဲ့ လက်ရှိ True Beauty ဒရာမာမှာ ပရိသတ်တွေအားပေးမှုရနေတဲ့ မင်းသမီးချော Moon Gayoung တို့ဟာ ဒရာမာသစ်အတွက် ဆွေးနွေးနေကြတယ်လို့ သိရပါတယ်။

Kim Seon Ho နဲ့ Moon Gayoung တို့ဟာ tvN ကထုတ်လွှင့်မယ့် ‘Link’ ဒရာမာရဲ့ ကမ်းလှမ်းမှုကို ခံထားရတယ်လို့ အတည်ပြုထားကြတာဖြစ်ပါတယ်။ နှစ်ဦးစလုံးအေဂျင်စီတွေရဲ့ ထုတ်ပြန်ချက်အရ Kim Seon Ho နဲ့ Moon Gayoung တို့ဟာ ဒရာမာကို လေ့လာသုံးသပ်နေကြပြီး အတည်ပြုမှုတစ်စုံ တစ်ရာကိုတော့ မလုပ်ရသေးဘူးလို့ သိရပါတယ်။

အဆိုပါ ‘Link’ ဒရာမာမှာ Kim Seon Ho နဲ့ Moon Gayoung တို့ဟာ အဓိက မင်းသား၊ မင်းသမီး နေရာအတွက် ကမ်းလှမ်းမှုကို ခံထားရတာဖြစ်ပါတယ်။ ‘Link’ ဒရာမာဟာ Fantasy ၊ Romance ၊ Mystery အားလုံးကို ရောနှောသမထားတဲ့ ဒရာမာလို့သိရပြီး ဒါရိုက်တာက Noh Sanghoon လို့သိရ ပါတယ်။

Kim Seon Ho နဲ့ Moon Gayoung တို့ဟာ 2019 ခုနှစ်တုန်းက JTBC’s comedy-drama ‘Welcome to Waikiki.’ မှာ ပါဝင်သရုပ်ဆောင်ခဲ့ကြဖူးတဲ့သူတွေဖြစ်ကြပြီး ‘Link’ ဒရာမာကိုသာ အတည်ပြုပါက သူတို့နှစ်ဦးအတွက် ပြန်လည်ပေါင်းစည်းကြမယ့် ဒရာမာတစ်ခုလည်းဖြစ်လာမှာပါ။

-m2t
Ref: Kstarlive

*Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။*

You cannot copy content of this page