Celebrity

■ Hyun Bin နဲ့ Son Ye Jin ဘယ်တော့ လက်ထပ်မလဲ ?

— – – သူတို့နှစ်ဦးရဲ့ Wedding Bell ကတော့ မြည်ဖို့ …

ကမ္ဘာကျော် ကိုရီးယားထိပ်တန်းသရုပ်ဆောင်တွေဖြစ်တဲ့ Hyun Bin နဲ့ Son Ye Jin တို့ဟာ သူတို့ရဲ့ အချစ်ရေးကို ၂၀၂၁ ခုနှစ် နှစ်ဆန်းတစ်ရက်နေ့မှာ အတည်ပြုခဲ့ပါတယ်။

Hyun Bin က လာမယ့် စက်တင်ဘာမှာ (၃၉)နှစ်ပြည့်မှာဖြစ်ပြီး Son Ye Jin ကတော့ (၃၉)နှစ်ကျော်ပါပြီ။ ဒါကြောင့် သူတို့အနေနဲ့ မင်္ဂလာဆောင်ဖို့ အရွယ်လွန်နေပြီလို့တောင် ပြောလို့ရပါတယ်။ ကျွမ်းကျင်သူတွေကတော့ Son Ye Jin ရဲ့ ပြောစကားတွေကို ဆက်စပ်ပြီး သူတို့ရဲ့မင်္ဂလာဆောင်ဟာ ဒီနှစ်အတွင်း ဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။

အရင်တုန်းက အင်တာဗျူးတစ်ခုမှာ Son Ye Jin က “မင်္ဂလာဆောင်လား။ ကျွန်မ အမြဲအိပ်မက်မက်ခဲ့ရတဲ့ အရာတစ်ခုပါ။ ဒါပေမဲ့ အဲဒီအိပ်မက်က တဖြေးဖြေးနဲ့ ပိုဝေးလာတယ်လို့ ခံစားလို့ ကျွန်မ ဝမ်းနည်းရပါတယ်။ အလုပ်အပေါ်မှာ အာရုံတွေ စိုက်နေခဲ့လို့ အသက် (၄၀)နားတောင် ကပ်သွားပြီ။

တကယ်လို့ ကျွန်မသာ မင်္ဂလာမဆောင်ဖို့ ဆုံးဖြတ်ထားတယ်ဆိုရင် ဒါက စိတ်ပူစရာမဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်မအနေနဲ့ တစ်ယောက်ယောက်နဲ့ တွေ့ရင် မင်္ဂလာဆောင်ဖို့ ဆုံးဖြတ်ထားပြီးသားပါ။ အသက် (၄၀) မပြည့်ခင်မှာ မင်္ဂလာဆောင်ပါတယ်”လို့ ပြောဆိုခဲ့တာပါ။

ဒါကြောင့် K အနုပညာလောက ကျွမ်းကျင်သူတွေက သူတို့ရဲ့ မင်္ဂလာဆောင်ဟာ အခုနှစ်အတွင်း ဖြစ်ဖွယ်ရှိတယ်လို့ သုံးသပ်နေကြတာဖြစ်ပြီး သေချာသလောက်ရှိတယ်လို့လည်း ဆိုကြပါတယ်။

— ဃဲ
Ref: SB & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page