K pop

■ TVXQ က သူ့အတွက် နတ်ဘုရားလိုပါပဲလို့ ဆိုတဲ့ EXO အဖွဲ့ဝင်

— – – သူတို့ ဘာပြောပြော ကျွန်တော် လိုက်နာဖို့ အသင့်ပါပဲလို့ သူက ဆိုတယ်။

EXO အဖွဲ့ဝင် Xiumin ဟာ tvN ရဲ့ talk show တစ်ခုဖြစ်တဲ့ Life Bar မှာ SM ကို ရွေးချယ်ခဲ့တဲ့ အကြောင်းနဲ့ သူရဲ့ ငယ်ဘ၀ Idol အကြောင်းကို ဖွင့်ဟဝန်ခံပါတယ်။

Xiumin က “ကျွန်တော် SM Entertainment ကို ရွေးချယ်ခဲ့တာ TVXQ ကြောင့်ပါ”လို့ ဆိုခဲ့ပြီး သူ့အနေနဲ့ TVXQ ကို ဘယ်လောက်ချစ်ကြောင်းနဲ့ သူတို့ကိုကြည့်ပြီး အတုယူကြီးပြင်းခဲ့ရကြောင်းလည်း ဖွင့်ဟခဲ့တာပါ။

“Changmin-hyung က ကျွန်တော် အကြိုက်ဆုံး စီနီယာပါ။ ကျွန်တော် TVXQ အဖွဲ့နဲ့ စတွေ့တော့ ကြက်သေသေနေခဲ့တာ။ ကျွန်တော့်အနေနဲ့ သူတို့ ဘာပြောပြော လိုက်နာဖို့ အသင့်ဖြစ်နေခဲ့တာပါ။ သူတို့က ကျွန်တော့်အတွက်တော့ နတ်ဘုရားတွေလိုပါပဲ”လို့ Xiumin က ဆိုပါတယ်။

အဲဒီမှာ Xiumin နဲ့အတူ ရှိနေတဲ့ Changmin က “EXO က ကမ္ဘာကျော်အဖွဲ့ပါ။ ကျွန်တော်တို့ TVXQ ကို ကြည့်ပြီး အဆိုတော်ဖြစ်ဖို့ အိပ်မက်ရှိတယ်ဆိုတဲ့ လူငယ်တွေရှိတာ ကျွန်တော့်တို့အတွက် ဂုဏ်ယူစရာပါ။ လူငယ်တစ်ယောက်ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်အောင် ကူညီပေးနိုင်တယ်လို့ ခံစားရလို့ ကျေးဇူးတင်ပါတယ်”ဆိုပြီး ပြောဆိုခဲ့ပါတယ်။

— ဃဲ
Ref: SB & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page