K pop

■ သူငယ်ချင်းအတွက် ယနေ့တိုင် စိတ်မကောင်းဖြစ်နေဆဲ EXO အဖွဲ့ဝင်

— – – တကယ်လို့ သူသာ မရှိခဲ့ရင် … အားနာရသလို ဒီနေ့ထိ သူ့ရဲ့ …

EXO အဖွဲ့ဝင် Xiumin ဟာ tvN ရဲ့ talk show တစ်ခုဖြစ်တဲ့ Life Bar မှာ သူ့အနေနဲ့ အထက်တန်းကျောင်းသားဘဝက အဆိုတော်ဖြစ်ဖို့ မတွေးခဲ့ဘဲ ပညာတွေသင်ဖို့သာ အတွေးရှိခဲ့ကြောင်း ဖွင့်ဟဝန်ခံခဲ့ပါတယ်။

သူက “ကျွန်တော် အဲဒီတုန်းက ရူပဒေဗကောလိပ်ဝင်ခွင့်ရဖို့အတွက် အစွမ်းကုန်ပြင်ဆင်နေခဲ့တာပါ။ အထက်တန်းကျောင်းသား ဘဝမှာ ကျွန်တော် သီချင်းဆိုတယ်ဆိုတာ ဝါသနာအရလောက်ပါပဲ။ အဆိုတော်ဖြစ်ဖို့ စိတ်ကူးတောင် မရှိခဲ့ပါဘူး”လို့ ဆိုပါတယ်။

တစ်နေ့တော့ SM Entertainment က Audition တစ်ခု လုပ်ခဲ့ပါတယ်။ အဲဒီ Audition ကို သွားဖို့ Xiumin တွေးတောင် မတွေးခဲ့ပေမဲ့ သူငယ်ချင်းဖြစ်သူက သူ့ကို အတင်းဆွဲဆောင်ခဲ့ပါသတဲ့။

Xiumin က “တစ်နေ့တော့ ကျွန်တော့်သူငယ်ချင်းက သူ့နဲ့အတူ SM auditions ဖြေဖို့ ကျွန်တော် ပြောတယ်။ ဒါနဲ့ ကျွန်တော်က ငါနဲ့ အဆင်ပြေမလားကွာ။ ငါ သီချင်းဆိုတာလည်း သိပ်ကောင်းတာ မဟုတ်ဘူးလို့ ပြောတော့ သူက SM က Skill ပိုင်းကို သိပ်ကြည့်တာမဟုတ်ဘူး။ သူတို့က ဖြစ်နိုင်ခြေကို ကြည့်တာ။ မင်းက SM စတိုင်ပဲလို့ ကျွန်တော့်ကို ပြန်ပြောပါတယ်။

ဒါနဲ့ ကျွန်တော်လည်း သူငယ်ချင်းနဲ့အတူ SM auditions ဝင်ခဲ့ပါတယ်။ ဖြေပြီး အင်တာဗျူးအလှည့်ကျတော့ SM က ကျွန်တော့်ကိုပဲ ခေါ်တယ်။ SM နဲ့ ပွဲထွက်ခွင့်ရချင်တာက ကျွန်တော့် သူငယ်ချင်းရဲ့ ဆန္ဒဖြစ်ပေမဲ့ သူ မရခဲ့ဘူး။ ကျွန်တော်လည်း သူသာ မခေါ်ခဲ့ဘူးဆိုရင် SM ကို ရောက်ခဲ့မှာ မဟုတ်ပါဘူး။ သူ့အတွက် ကျွန်တော် ဒီနေ့အထိ စိတ်မကောင်း ဖြစ်နေဆဲဖြစ်သလို၊ တစ်ဖက်ကလည်း သူ့ကို အရမ်းကျေးဇူးတင်ပါတယ်”လို့ ဆိုပါတယ်။

— ဃဲ
Ref: SB & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page