K pop

■ Gaon Album Chart မှာ (၄)ပတ်ဆက် ရပ်တည်ခဲ့တဲ့ တစ်ခုတည်းသော Album

— – – (၃)ပတ်ဆက် ရပ်တည်နိုင်တဲ့ Album (၁၂)ချပ်အထိ ရှိပေမဲ့ ဒီလိုမျိုးရပ်တည်နိုင်တာ အဖွဲ့တစ်ဖွဲ့၊ Album တစ်ချပ်ပဲ ရှိပါတယ်။

Korea Music Content Industry Association ရဲ့ အချက်အလက်တွေအရ ၂၀၁၀ ခုနှစ်၊ ဖေဖော်ဝါရီလက စတင်ပြီး Gaon Album Chart မှာ ရက်သတ္တပတ် (၄)ပတ်ဆက်တိုက် ရပ်တည်နိုင်တဲ့ Album က တစ်ချပ်သာ ရှိပါတယ်။

အဲဒီ Album ကတော့ EXO အဖွဲ့ရဲ့ EXODUS ဆိုတဲ့ Album ပါပဲ။ ၂၀၁၅ ခုနှစ်၊ မတ်လ (၃၀)ရက်နေ့ ထုတ်ဝေခဲ့တဲ့ အဲဒီ Album ဟာ EXO အဖွဲ့ရဲ့ ဒုတိယမြောက် full-length album ဖြစ်ပါတယ်။

EXODUS ရဲ့ ခေါင်းစီးသီချင်းကလည်း တကယ်ကို ပေါက်ခဲ့တဲ့ “Call Me Baby” သီချင်းဖြစ်ပြီး Gaon Album Chart သမိုင်းမှာ ရက်သတ္တပတ် (၄)ပတ်ဆက်တိုက် ရပ်တည်နိုင်တဲ့ တစ်ခုတည်းသော Album ဖြစ်ပါတယ်။

အဲဒီ Album မှာ EXO အဖွဲ့ရဲ့ တခြားနာမည်ကြီးသီချင်းတစ်ပုဒ်ဖြစ်တဲ့ Love Me Right သီချင်းကလည်း re-released version မှာ ပါဝင်ခဲ့ပြီး EXODUS ဟာ အချပ်ရေ (1.28)သန်း ရောင်းချခဲ့ရတယ်လို့ သိရပါတယ်။

— ဃဲ
Ref: Koreaboo & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page