K pop

■ Jennie အရမ်းအလည်သွားချင်တဲ့ နိုင်ငံ

— – – ခေတ်ကာလတွေ၊ အချိန်တွေ ပြောင်းသွားပေမဲ့ Memory ဆိုတာမျိုးက ရှင်သန်နေတတ်ပါတယ်။ ဒါကို ပြန်လိုက်ရှာ …

BLACKPINK အဖွဲ့ဟာ တစ်ခါတုန်းက MBC FM4U‘s radio program ဖြစ်တဲ့ Ji Suk Jin ရဲ့ 2 O’clock Date မှာ ပါဝင်ခဲ့ပါတယ်။ အဲဒီမှာ Ji Suk Jin က BLACKPINK အဖွဲ့ဝင်တွေကို မန်နေဂျာမပါဘဲ တစ်နေ့တာ အချိန်ဖြုန်းခွင့်ရရင် ဘာလုပ်မလဲလို့ မေးမြန်းခဲ့တာပါ။

အဲဒီမေးခွန်းကို Jennie က “ကျွန်မ နယူးဇီလန်ကို ပြန်သွားချင်ပါတယ်”လို့ ဆိုခဲ့တာပါ။ ဘာကြောင့်လဲဆိုတော့ Jennie ဟာ ကျောင်းသူဘဝကို နယူးဇီလန်မှာ ဖြတ်သန်းခဲ့ပြီး အမှတ်တရများစွာ ရှိနေလို့ပါပဲ။

Ji Suk Jin က Jennie ကို နယူးဇီလန်မှာ ငယ်သူငယ်ချင်းတွေ ရှိတာကြောင့် သွားချင်တာလဲလို့ မေးတဲ့အခါမှာတော့ Jennie က မဟုတ်ပါဘူးလို့ ဆိုပါတယ်။

Jennie က “ကျောင်းတုန်းက ကျွန်မရဲ့ သူငယ်ချင်းတွေ အခု နယူးဇီလန်မှာ ရှိချင်မှလည်း ရှိတော့မှာပါ။ နယူးဇီလန်ကို အဓိက သွားချင်တဲ့ အကြောင်းရင်းက ကျွန်မရဲ့ ငယ်ဘဝအမှတ်တရနေရာတွေကို ပြန်ကြည့်ချင်တယ်။ အမှတ်တရတွေ၊ ပျော်ရွှင်မှုတွေကို ပြန်လည်ခံစားချင်လို့ပါ”လို့ ဖြေခဲ့ပါတယ်။

— ဃဲ
Ref: Koreaboo & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page