K pop

■ Group Chat မှာ EXO အဖွဲ့ဝင်တွေ ဘာအကြောင်းပြောကြသလဲ ?

— – – EXO အဖွဲ့ဝင် Chanyeol ဟာ EXO Group Chat အကြောင်းနဲ့ သူ့ရဲ့ Ideal Type အကြောင်း ဝန်ခံလိုက်ပါတယ်။

Chanyeol ဟာ W Korea မဂ္ဂဇင်းအတွက် ‘Acqua Di Parma’ ရေမွှေးကြော်ငြာအတွက် ဓာတ်ပုံတွေရိုက်ပေးခဲ့ပြီး အင်တာဗျူးပြုလုပ်ခဲ့ပါတယ်။

မေးခွန်း ၅၀၊ အဖြေ ၅၀ အင်တာဗျူးပြုလုပ်ခဲ့တာဖြစ်ပြီး EXO Group Chat မှာ ဘာအကြောင်းတွေ ပြောကြသလဲလို့ Chanyeol ကို အင်တာဗျူးသူက မေးမြန်းခဲ့ပါတယ်။

“EXO Group Chat မှာ ကျွန်တော် ပြောကြတဲ့အကြောင်းအရာ (၈၀) ရာခိုင်နှုန်းက အရည်မရ၊ အဖက်မရတွေပါ။ (၁၅) ရာခိုင်နှုန်းကတော့ Schedule နဲ့ ပတ်သက်တာတွေဖြစ်ပြီး ကျန် (၅) ရာခိုင်နှုန်းကတော့ ဘာအကြောင်းဆိုပြီး ကျွန်တော် မပြောတတ်ပါဘူး”- Chanyeol

သူ့ရဲ့ Ideal Type က ဘယ်လိုလဲဆိုပြီး မေးမြန်းတဲ့အခါမှာတော့ Chanyeol က
“ကျွန်တော်ကတော့ ချစ်စရာကောင်းတဲ့ မိန်းကလေးမျိုး၊ ကျွန်တော်နဲ့ ကောင်းကောင်း စကားပြောဆိုလို့ အဆင်ပြေတဲ့ မိန်းကလေးမျိုး၊ ပြီးတော့ ကျွန်တော်တို့လိုပဲ ဟာသဉာဏ်ရွှင်တဲ့ မိန်းကလေးမျိုးကို သဘောကျတယ်လို့ ထင်ပါတယ်” လို့ ပြန်ဖြေခဲ့ပါတယ်။

– ဃဲ
Ref: Kstarlive & Photos Credits.

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page