K pop

■ ပန်းခြံမှာ Gong Yoo နဲ့သာ ဆုံတွေ့ခွင့်ရခဲ့မယ်ဆိုရင် Rosé ဘာလုပ်မလဲ ?

— – – သူမရဲ့ Ideal Type ဖြစ်တဲ့ Gong Yoo နဲ့ ပန်းခြံမှာ ဆုံတွေ့ခွင့်ရခဲ့မယ်ဆိုရင် Rosé က …

BLACKPINK အဖွဲ့ဟာ တစ်ခါတုန်းက MBC FM4U‘s radio program ဖြစ်တဲ့ Ji Suk Jin ရဲ့ 2 O’clock Date မှာ ပါဝင်ခဲ့ပါတယ်။ အဲဒီမှာ Ji Suk Jin က BLACKPINK အဖွဲ့ဝင်တွေကို မန်နေဂျာမပါဘဲ တစ်နေ့တာ အချိန်ဖြုန်းခွင့်ရရင် ဘာလုပ်မလဲလို့ မေးမြန်းခဲ့တာပါ။

အဲဒီမှာ Rosé က “Amusement park ကို တစ်ယောက်တည်း သွားမယ်။ ပြီးတော့ တစ်နေ့ကုန် roller coasters စီးပြီး ပျော်မယ်”လို့ ပြောဆိုခဲ့ပါတယ်။

Ji Suk Jin က တကယ်လို့ Amusement park မှာသာ Gong Yoo နဲ့ တွေ့ရင် ဘာလုပ်မလဲ။ လက်မှတ်တောင်းမှာလားလို့ မေးမြန်းခဲ့ပါတယ်။

Rosé က “Amusement park မှာ ပျော်စရာတွေ လျှောက်လုပ်ရင်း Gong Yoo ကို အဝေးတစ်နေရာကပဲ ငေးကြည့်နေမှာပါ”လို့ ဖြေခဲ့ပါတယ်။

— ဃဲ
Ref: Koreaboo & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page