Cele

■ သမိုင်းတစ်လျှောက် ဇာတ်လမ်းတွဲအပိုင်းတစ်ပိုင်းအတွက် ဝင်ငွေအများဆုံးရ မင်းသား (၅)ဦး

— – – K Drama တွေ နိုင်ငံတကာမှာ ပေါက်လာတာနဲ့အမျှ သူတို့ဝင်ငွေတွေက Sky High ဖြစ်လာပြီး သမိုင်းတစ်လျှောက် …

သမိုင်းတစ်လျှောက် K Drama တွေမှာ အပိုင်းတစ်ပိုင်းအတွက် ဝင်ငွေအများဆုံး ကိုရီးယားမင်းသား (၅)ဦးကို The Korean Actors and Broadcasting Worker’s Union က ထုတ်ပြန်ခဲ့ပါတယ်။ နိုင်ငံခြားကို တင်ပို့ရတဲ့ ဇာတ်လမ်းတွဲ ရိုက်ကူးသူ ဝင်ငွေ ပိုရလေ့ရှိပြီး သမိုင်းတစ်လျှောက် အပိုင်းတစ်ပိုင်းအတွက် ဝင်ငွေအများဆုံးရခဲ့တဲ့ မင်းသား (၅)ဦးကတော့ …

5. Lee Jong Suk (While You Were Sleeping)


While You Were Sleeping ဇာတ်လမ်းတွဲ ရိုက်ကူးမှုမှာ Lee Jong Suk ဟာ အပိုင်းတစ်ပိုင်းအတွက် $109,499 ~ $118,624 အထိ ရရှိခဲ့တာ ဖြစ်ပါတယ်။

4. Lee Seung Gi (Vagabond)


စွယ်စုံရထိပ်တန်းမင်းသာ Lee Seung Gi ဟာ Vagabond ဇာတ်လမ်းတွဲ အပိုင်းတစ်ပိုင်းအတွက် $109,499 ~ $118,624 အထိ ရရှိခဲ့တာပါ။

3. Lee Byung Hun (Mr. Sunshine)


မင်းသားကြီး Lee Byung Hun ဟာ Mr. Sunshine ဇာတ်လမ်းတွဲ ရိုက်ကူးတုန်းက အပိုင်းတစ်ပိုင်းအတွက် $136,874 အထိ ရရှိခဲ့တာ ဖြစ်ပါတယ်။

2. Song Joong Ki (Arthdal Chronicles)


နာမည်ကျော် Arthdal Chronicles ဇာတ်လမ်းတွဲ အပိုင်းတစ်ပိုင်းအတွက် Song Joong Ki ဟာ $164,250 အထိ ရရှိခဲ့ပါတယ်။

1. Bae Yong Joon (for The Legend)


၂၀၁၃ လောက်ကတည်းက အနုပညာလောက အနားယူသွားတဲ့ မင်းသားကြီး Bae Yong Joon ဟာ The Legend ဇာတ်လမ်းတွဲ ရိုက်တုန်းက တစ်ပိုင်းကို $228,123 USD အထိ ရရှိခဲ့ပြီး အဲဒီစံချိန်ဟာ အခုအချိန်အထိ အကောင်းဆုံးအဖြစ် တည်ရှိနေဆဲဖြစ်ပါတယ်။

— ဃဲ
Source: Wikitree Korea & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page