K pop
■ တခြားနာမည်တစ်ခုနဲ့ ပွဲထွက်ဖို့ နီးစပ်ခဲ့တဲ့ aespa အဖွဲ့ဝင် Karina
-UNICODE
– – – Karina ဟာ တခြားနာမည်တစ်ခုနဲ့ ပွဲထွက်ဖို့ နီးစပ်ခဲ့သေးပြီး…
Aespa အဖွဲ့ဝင် Karina ဟာ တခြားနာမည်တစ်ခုနဲ့ ပွဲထွက်ဖို့ နီးစပ်ခဲ့သေးတယ်လို့ ဖွင့်ဟခဲ့ပါတယ်။
Karina ရဲ့ နာမည်ရင်းက Yoo Jimin ဖြစ်ပြီး ဒီနာမည်မှာ K-pop နယ်ပယ်မှာ နာမည်တူတွေများပြားတာကြောင့် Karina ဆိုတဲ့နာမည်နဲ့ပဲ ပွဲထွက်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ သူမအနေဲ့ တခြားနာမည်တစ်ခုနဲ့ ပွဲထွက်ဖို့ နီးစပ်ခဲ့သေးတဲ့အကြောင်း Karina က Black Mamba အတွက် Photoshoot ရိုက်ကူးရေးနောက်ကွယ်မှာ ဖွင့်ဟခဲ့ပါတယ်။ အဲဒီမှာ Winter နဲ့ Karina တို့နှစ်ယောက်က ကင်မရာကိုယ်စီနဲ့ ဗီဒီယိုရိုက်ခဲ့ပြီး stage Name တွေအကြောင်း ဖွင့်ဟခဲ့ပါတယ်။
အဲဒီမှာ Karina က တခြားနာမည်တစ်ခုနဲ့ ပွဲထွက်ဖို့ နီးစပ်ခဲ့တဲ့အကြောင်းကို “အမှန်တကယ်တော့ ကျွန်မမှာ နောက်ထပ်နာမည်တစ်ခုရှိခဲ့တယ်။ နှစ်ခုလောက်လားပဲ”လို့ ဆိုခဲ့ပါတယ်။
ဆက်လက်ပြီး Karina က သူမနဲ့ တခြားတစ်ခုဟာ Baekseol (Snow Wihte) ဖြစ်ကြောင်းဆိုခဲ့ပြီး Winter နဲ့ပါ နောက်ပြောင်ခဲ့ပါတယ်။ ” ကျွန်မက Baekseol [Snow White] ဖြစ်ဖို့ နီးစပ်ခဲ့တယ်။ Show White လိုဖြူလွန်းတဲ့ Winterကို တွေ့ပြီးကတည်းပဲ”လို့ Karina က ဆိုခဲ့တာပါ။
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *
-ZAWGYI
Ref: Koreaboo
You cannot copy content of this page