K pop

■ Jungkook ကို BTS အကိုတွေ ဘယ်လိုတောင် ဂရုစိုက်ကြသလဲ

– – -Jungkook တစ်ခုခုဖြစ်ရင် BTS အကိုတွေက လုံးဝစိတ်ပူနေခဲ့တာဖြစ်ပြီး…

BTS အဖွဲ့ဝင် Jungkook ဟာ အသက်အရွယ်နဲ့မလိုက် အရည်အချင်း ပြည့်ဝသူဖြစ်ပေမဲ့ လူသားဖြစ်တဲ့အလျောက် အမှားတော့ ရှိတာပါပဲ။

ချီလီမှာ ကျင်းပပြုလုပ်ခဲ့တဲ့ WINGS tour မှာ Jungkook ဟာ စတိတ်စင်ပေါ်မှာ ဖျော်ဖြေမှု ပြုလုပ်နေရင်း ဟန်ချက်ပျက်ပြီး ချော်သွားခဲ့ပါတယ်။ အဲဒီနောက် Jungkook ဟာ အသက်ရှူကိရိယာလည်း အသုံးပြုခဲ့ရတာ ဖြစ်ပါတယ်။

BTS ရဲ့ documentary ဖြစ်တဲ့ Burn The Stage ထဲမှာတော့ အဲဒီတုန်းက Jungkook ရဲ့ အခြေအနေနဲ့ပတ်သက်ပြီး သူတို့ စိုးရိမ်ခဲ့ရကြောင်း BTS အဖွဲ့ဝင်တွေက ဖွင့်ဟခဲ့ပါတယ်။ J-Hope က “နားကြပ်ကနေတစ်ဆင့် ဒါရိုက်တာရဲ့အသံကို ကျွန်တော်တို့ ကြားခဲ့ရတယ်။ အဲဒီနောက် ကျွန်တော့်အနေနဲ့ ကိုယ့်ကိုယ်ကိုယ်ထက် Jungkook ကိုပိုပြီး စိတ်ထဲရောက်ခဲ့ရတယ်”လို့ ဖွင့်ဟခဲ့ပါတယ်။

အဖွဲ့ခေါင်းဆောင် RM ကလည်း Jungkook ဟာ Main Vocal ဖြစ်ပြီး ဖျော်ဖြေမှုရဲ့ Center ဖြစ်လို့ သူသာ တစ်ခုခုဖြစ်ရင် ဆုံးရှုံးမှု ကြီးမားမှာဖြစ်ကြောင်း၊ Jungkook သာ တစ်ခုခုဖြစ်ရင် သူ့နေရာမှာ အစားထိုးမဲ့သူရှိမှာ မဟုတ်နိုင်ဘူးလို့ ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့ ကံကောင်းစွာနဲ့ အဲဒီဖျော်ဖြေပွဲကိုတော့ အောင်အောင်မြင်မြင် ပြီးဆုံးအောင် ကျင်းပနိုင်ခဲ့ပါတယ်။ အဲဒီဖျော်ဖြေပွဲပြီးတော့ BTS အဖွဲ့ဝင်တွေ စုဝေးပြီး Jungkook နဲ့ ပတ်သက်ပြီး စိုးရိမ်တဲ့အကြောင်း တစ်ယေက်ချင်းစီ ဖွင့်ဟခဲ့ပါတယ်။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page