K pop
■ မြောက်ကိုရီးယားမှာ ရေပန်းအစားဆုံး အမျိုးသမီး K-pop အဖွဲ့
-UNICODE
– – -ဒီ K-pop Idol က မြောက်ကိုရီးယားမှာ ရေပန်းအစားဆုံးပါလို့ မြောက်ကိုရီးယားမြို့သားဟောင်းတစ်ယောက်က ဖွင့်ဟခဲ့ပြီး…
မြောက်ကိုရီးယားဆိုတာ တင်းကြပ်စွာ ထိန်းချုပ်ထားတဲ့ အာဏာရှင်နိုင်ငံဖြစ်လို့ ကမ္ဘာနဲ့ အဆက်ပြတ်နေတာ ဖြစ်ပါတယ်။
ဒါပေမဲ့ လူသားတွေရဲ့ ခံစားချက်တွေ၊ ဆန္ဒတွေကိုတော့ အလုံးစုံထိန်းချုပ်လို့ မရပါဘူး။ မြောက်ကိုရီးယားက လူတွေအနေနဲ့ ရေဒီယိုတွေ ခိုးနားထောင်တာ၊ K-pop သီချင်းတွေ ခိုးနားထောင်တာကို ဇာတ်လမ်းတွဲတချို့မှာ ပရိသတ်တွေမြင်တွေ့ခဲ့ရပါတယ်။
တစ်ခါတလေ K-pop အဖွဲ့တချို့ကလည်း မြောက်ကိုရီးယားမှာ သွားရောက်ဖျော်ဖြေလေ့ရှိတာကို တွေ့ရမှာပါ။ ဘယ်လိုမျိုးပဲ အမှောင်ချထားချထား မြောက်ကိုရီးယားတွေဟာ K-pop နဲ့ ပတ်သက်ပြီး သိထားကြပါတယ်။
မြောက်ကိုရီးယားမှာ SNSD အဖွဲ့ဝင် Seohyun က ရေပန်းအစားဆုံးဖြစ်တယ်လို့ မြောက်ကိုရီးယားမြို့သားဟောင်းတစ်ယောက်က ဖွင့်ဟသွားခဲ့ပါတယ်။
“SNSD ဟာ မြောက်ကိုရီးယားမှာ ရေပန်းအစားဆုံး အမျိုးသမီးအဖွဲ့ပါ။ SNSD ဟာ မြောက်ကိုရီးယားသံစုံတီးဝိုင်းကိုလည်း လွှမ်းမိုးမှု ရှိပါတယ်။ မြောက်ကိုရီးယားမှာ ကျောင်းသူတချို့က သီးသန့်ဆရာတွေနဲ့ SNSD ရဲ့အကတွေကိုသင်ကြားတာလည်း ရှိပါတယ်”လို့ မြောက်ကိုရီးယားနိုင်ငံသားဟောင်းက ထုတ်ဖော်ခဲ့ပါတယ်။
SNSD အဖွဲ့ဝင် Seohyun ကလည်း မြောက်ကိုရီးယားမှာ ရေပန်းစားတဲ့ Idol တစ်ယောက်ဖြစ်ပြီး မြောက်ကိုရီးယားမှာ ဖျော်ဖြေစဉ်ကတည်းက အထူးချီးကျူးမှုကို ခံခဲ့ရသူပါ။
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *
-ZAWGYI
Ref: Koreaboo
You cannot copy content of this page