K pop
■ Idol Star Athletics Championships မှာ ပရိသတ်တွေစုံတွဲလို့ အထင်မှားခဲ့တဲ့ အတွဲတစ်တွဲရဲ့ ဖြစ်ရပ်မှန်
-UNICODE
– – -ဒီပုံကိုမြင်ပြီး ပရိသတ်တွေက ဘယ်စုံတွဲအကြည်ဆိုက်နေတာပါလိမ့်လို့…..
MBC က နှစ်စဉ်ကျင်းပ ပြုလုပ်လေ့ရှိတဲ့ Idol Star Athletics Championships ပြိုင်ပွဲတွေကလည်း ပရိသတ်တွေအကြား စိတ်ဝင်စားမှု မြင့်တက်တာပါ။
Idol တွေကို စတိတ်စင်မဟုတ်တဲ့ မတူကွဲပြားတဲ့ ပုံစံမျိုးနဲ့ တွေ့မြင်ရတာ၊ Idol အများအပြားကို တစ်နေရာတည်းမှာ စည်းစည်းလုံးလုံး မြင်တွေ့ရတာတွေက ကြည်နူးစရာ မြင်ကွင်းလေးပဲ ဖြစ်ပါတယ်။
2019 Chuseok Idol Star Athletics Championships ပြိုင်ပွဲမှာလည်း TWICE, Red Velvet, IZ*ONE, AB6IX တို့အပါအဝင် တခြားနာမည်ကျော်အဖွဲ့တွေ အများအပြား ပါဝင်ခဲ့တာပါ။
အဲဒီမှာ Idol တွေအများအပြားကြားမှာမှ စုံတွဲတစ်တွဲ ရင်းရင်းနှီးနှီး၊ နီးနီးကပ်ကပ် ရှိနေတာကို ပရိသတ်တွေ သတိထားမိသွားကြပါတယ်။ ဒါကြောင့် ပရိသတ်တွေက ဒါက ဘယ်စုံတွဲပါလိမ့်မယ်လို့လည်း တွေးထင်ခဲ့ကြပါတယ်။
အမှန်တော့ သူတို့နှစ်ယောက်ဟာ LIMITLESS အဖွဲ့ဝင် Jang Moonbok နဲ့ အဖွဲ့ဝင်ဟောင်း Heeseok တို့ ဖြစ်တာပါ။ Jang Moonbok ဟာ မိန်းကလေး Idol တွေနဲ့ အနီးစပ်ဆုံးနေရာမှာ ရှိနေပြီး သူက ဆံပင်ရှည်နဲ့ဖြစ်လို့ ရုတ်တရက်ကြည့်လိုက်တဲ့အခါ မိန်းကလေးလို့ ထင်ပြီး ပရိသတ်တွေက အမှတ်မှားခဲ့ကြတာပါ။
LIMITLESS ဟာ ၂၀၁၉ ခုနှစ်က စတင်ပွဲထွက်ခဲ့ပြီး ၂၀၂၀ ခုနှစ်၊ မေလမှာတော့ Heeseok က အဖွဲ့ကနေ ထွက်ခွာသွားခဲ့ပါတယ်။ LIMITLESS ဟာ လှုပ်ရှားမှု မပြုလုပ်တာ ကြာပြီဖြစ်ပြီး ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီနောက်ပိုင်းကတည်းက သူတို့ရဲ့ Twitter က လုံး၀ Active မဖြစ်တော့တာပါ။
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *
-ZAWGYI
Ref: Koreaboo
You cannot copy content of this page