K pop

■ Jennie ရဲ့ တန်ဖိုးကြီးဇိမ်ခံအိမ်အကြောင်းကို K Netizen တွေ ရှာဖွေ

— Jennie ရဲ့ ကိုယ်ပိုင် YouTube Channel မှာ ပထဆုံးတင်တဲ့ ဗီဒီယိုဖိုင်ကနေ တဆင့် သူမနေထိုင် တဲ့ တန်ဖိုးကြီး ဇိမ်ခံအိမ်အကြောင်းကို…

Jennie ဟာ ကိုယ်ပိုင် YouTube Channel ဖွင့်လှစ်ပြီး YouTube သမိုင်းတစ်လျှောက်24 နာရီအတွင်း
ဒုတိယမြောက် Subscriber အများဆုံး YouTube Channel ဖြစ်ခဲ့သလို လက်ရှိအချိန်ထိ သန်းပေါင်း များစွာ Jennie ရဲ့ Channel Subscriber ဟာ တိုးလာနေဆဲဖြစ်ပါတယ်။

Jennie ဟာ သူမရဲ့ ကိုယ်ပိုင် YouTube Channel ဖွင့်လှစ်ပြီး ပထဆုံး ဗီဒီယိုတစ်ခုကိုလည်းတင်ခဲ့ တာပါ။ ဗီဒီယိုထဲမှာ Jennie ဟာ Cover Song လေးဖြစ်တဲ့ Mandy Moore ရဲ့ “When Will My Life Begin” နဲ့ သူမနေထိုင်တဲ့ အိမ်ရဲ့နေရာအချို့ကိုလည်း ပြသခဲ့တာပါ။

ပရိသတ်တွေဟာ Jennie ရဲ့ ချစ်စရာကောင်းတဲ့ လှုပ်ရှားမှုနဲ့ စကားပြောဆိုမှုတွေကို သဘောကျခဲ့ကြ သလို သူမနေထိုင်တဲ့ ဇိမ်ခံအိမ်ကြီးကိုပါ သဘောကျခဲ့ကြပါတယ်။ အဆိုပါအိမ်နဲ့ပတ်သက်ပြီး K Netizen တွေ ကင်းထောက်လုပ်ခဲ့ကြသလို Jennie အနေနဲ့ ဘယ်လို ဇိမ်ခံအိမ်မျိုးမှာနေထိုင်သလဲဆို တာကို အဖြေရှာတွေ့သွားကြပါတယ်။

K Netizen တစ်ဦးက Jennie ဟာ Han Nam-dong မှာ ရှိတဲ့ ဇိမ်ခံအိမ် Villas မှာ နေထိုင်တာပါလို့ ဖော်ပြခဲ့ပါတယ်။ “ Jennie ရဲ့ YouTube Video ကိုကြည့်ပြီး အိမ်ကြီးက တော်တော်ကောင်းတာပဲလို့ ထင်ခဲ့ပါတယ်။ ဒါကြောင့် သူမနေထိုင်တဲ့အိမ်အကြောင်းကို ရှာဖွေစုံစမ်းခဲ့ပြီး အိမ်က Han Nam-dong မှာရှိတာပါ။ နှစ်ထပ် ဇိမ်ခံတိုက်အိမ်ဖြစ်ပြီး အိပ်ခန်း (၄)ခန်း၊ ရေချိုးခန်း (၃)ခန်းရှိပါတယ်။ တန်ဖိုးက တော့ ဝမ် 5.5 ဘီလီယံကနေ 6.5 ဘီလီယံကြားထဲရှိပါတယ်” လို့ K Netizen တစ်ဦးက ဖော်ပြခဲ့တာ ပါ။

-m2t
Ref: Allkpop

*Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။*

You cannot copy content of this page