K pop

■ ‘Most Popular Popstar 2020’ အဖြစ်သတ်မှတ်ခံရတဲ့ BTS အဖွဲ့ဝင်

— Starbiotrends က ထုတ်ပြန်တဲ့ ‘Most Popular Popstar 2020’ စာရင်းမှာ ဒီ BTS အဖွဲ့က #1 ရပ်တည်ခဲ့ပြီး…

BTS အဖွဲ့ရဲ့ Golden Maknae လေး Jungkook ဟာ Starbiotrends ရဲ့ ‘Most Popular Popstar 2020’ အဖြစ် သတ်မှတ်ခံခဲ့ရတယ်လို့ သိရပါတယ်။ Jungkook ဟာ မဲအရေအတွက် 94.8 K နဲ့ ကမ္ဘာကျော် Popstar တွေကို ကျော်ဖြတ်ပြီး ‘Most Popular Popstar 2020’ အဖြစ်သတ်မှတ်ခံခဲ့ရ တာလို့ သိရပါတယ်။

2020 ခုနှစ်ထဲမှာ ကမ္ဘာ့အကြီးဆုံး လူမှုကွန်ရက်လို့ခေါ်ရမယ့် Google နဲ့ YouTube မှာ #1 ချိတ်ခဲ့တဲ့ Jungkook အနေနဲ့ Starbiotrends ရဲ့ ‘Most Popular Popstar 2020’ အဖြစ် သတ်မှတ်ခံခဲ့ရတာ အထူးအဆန်းတော့မဟုတ်ပါဘူး။

မကြာသေးခင်ကလည်း Jungkook ဟာ 2020 TDY Awards မှာ ‘Top Tattoo’ Category ဆုကိုလည်း ရရှိခဲ့တယ် လို့သိရပါတယ်။ ARMY တွေဟာ Jungkook ရဲ့ အနုပညာအပြင် သူထိုးထား တဲ့ တက်တူးတွေကိုပါ နှစ်သက်ကြတာဖြစ်ပြီး အခုလို ‘Top Tattoo’ Category ဆုကိုရရှိခဲ့လို့ Twitter မှာ ဂုဏ်ဆာခဲ့ကြပါတယ်။

အဆိုပါ 2020 TDY Awards မှာ BTS အဖွဲ့အနေနဲ့ ဆု(၅)ခုထိရရှိခဲ့ပြီး ဆုတွေကတော့ …

— Bop of the Year: Dynamite

— Top Tatto : Jungkook

— Biggest Crush: RM

— Fandom of the Year: ARMY

— Artist of the Year: BTS တို့ဖြစ်ကြပါတယ်။

-m2t
Ref: Allkpop

*Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။*

You cannot copy content of this page