K pop

■ B.I ရဲ့ အနုပညာစွမ်းရည်ကို ချီးကျူးခဲ့တဲ့ Epik High အဖွဲ့ဝင်များ

— iKON အဖွဲ့ကနေ နုတ်ထွက်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် အနုပညာလှုပ်ရှားမှုပြန်လုပ်ခဲ့တဲ့ B.I အတွက် ပရိသတ်တွေ ဝမ်းသာခဲ့ကြပါတယ်။

B.I ဟာ Hip Hop Group Epik High အဖွဲ့ရဲ့ Album အသစ် သီချင်းတစ်ပုဒ်မှာ Featuring အဆို တော်အနေနဲ့ လှုပ်ရှားမှုပြန်လုပ်ခဲ့တာပါ။ Epik High အဖွဲ့ဟာ သူတို့ရဲ့ Album သစ် ‘Epik High Is Here 上’ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပြီး အဲဒီမှာ B.I ရဲ့ အနုပညာစွမ်းရည်ကို ချီးကျူးခဲ့တာပါ။

သတင်းစာရှင်းလင်းပွဲမှာ Epik High အဖွဲ့ဟာ B.I Featurin ဆိုထားတဲ့ ‘Acceptance Speech’ နဲ့ပတ်သက်ပြီး သတင်းထောက်တွေရဲ့မေးမြန်းခြင်းခံခဲ့ရတာပါ။

အဖွဲ့ဝင်တစ်ဦးဖြစ်သူ Tablo က “ အခြား Artist တွေနဲ့ အလုပ်အတူတူလုပ်တဲ့အခါ ကွဲပြားတဲ့ ရှု ထောင့်မျိုးစုံကနေ ကျွန်တော်တို့ စဉ်းစားရပါတယ်။ ရိုးရိုးသားသားပြောရင် မလွယ်ကူပါဘူး။ ကျွန် တော်တို့အနေနဲ့ B.I နဲ့ အလုပ်လုပ်တဲ့အခါ ဖိအားမရှိဘူးလို့ပြောရင် လိမ်ညာတာပဲဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ B.I ဟာ သီချင်းနဲ့ပတ်သက်ပြီး အံ့အားသင့်ဖွယ်အကောင်းဆုံးကို ပြုလုပ်သွားတာပါ။ သူ လုပ်တာဟာ အရမ်းကို ချောမွေ့လွန်းပါတယ်” လို့ ပြောခဲ့ပါတယ်။

နောက်ထပ် Epik High အဖွဲ့ဝင်တစ်ဦးဖြစ်သူ DJ Tukutz ကလည်း “ ကျွန်တော်တို့ ‘Acceptance Speech’ သီချင်းကိုပြုလုပ်တော့ B.I သာ Melodies အပိုင်းကိုပြုလုပ်ပြီး သီဆိုပေးမယ်ဆိုရင် အရမ်း ကောင်းမယ်လို့ ထင်ခဲ့ပါတယ်။ သီချင်းလည်းပြီးသွားရော တကယ့်ကို B.I ကို လိုအပ်တာ ကျွန်တော် တို့တွေ့ခဲ့ရပါတယ်။ သူ့ရဲ့ အနုပညာစွမ်းရည်က အံ့အားသင့်စရာပါပဲ” လို့ ချီးကျူးခဲ့ပါတယ်။

-m2t
Ref: SBSstar

*Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။*

You cannot copy content of this page