K pop
■ Hater တွေနဲ့ ပတ်သက်ပြီး အမှတ်တရဆိုးတွေ ရှိခဲ့ကြတဲ့ Nayeon နဲ့ Joy
-UNICODE
– – -ဒီဖြစ်ရပ်တွေမှာ Nayeon နဲ့ Joy တို့ဟာ အနှောင့်အယှက် ဖြစ်ခဲ့ရပြီး…..
K-pop Idol တွေဟာ ပရိသတ်တွေရဲ့ အတိုင်းအဆမရှိ အချစ်ခံရလို တစ်ဘက်မှာလည်း မုန်းတီးသူတွေရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရပါတယ်။
တချို့ Idol တွေဆိုရင် စိတ်ဒဏ်ရာ ဖြစ်စေခဲ့တဲ့အထိ မုန်းတီးသူတွေရဲ့ တိုက်ခိုက်ခြင်းကိုခံခဲ့ရတာပါ။ TWICE အဖွဲ့ဝင် Nayeon နဲ့ Red Velvet အဖွဲ့ဝင် Joy တို့ဟာလည်း မုန်းတီးသူတွေနဲ့ ပတ်သက်ပြီး အမှတ်တရ ဆိုးတွေရှိခဲ့ကြဖူးပါတယ်။
TWICE’s Nayeon
Nayeon ဟာ V Live မှာ Live လွှင့်နေတုန်းက မုန်းတီးသူတွေရဲ့ နှောင့်ယှက်ခြင်းကို ခံခဲ့ရတာပါ။ မုန်းတီးသူတွေဟာ Nayeon ကို စော်ကားတဲ့မှတ်ချက်တွေ ရေးသားခဲ့ကြတာပါ။ ပထမတော့ Nayeon ဟာ ယဉ်ယဉ်ကျေးကျေးနဲ့ ကောင်းကောင်းမွန်မွန် ပြန်တုံ့ပြန်ခဲ့ပါတယ်။
ဒါပေမဲ့ မုန်းတီးသူတွေရဲ့လုပ်ရပ်က ပိုဆိုးလာပြီး Nayeon ကို အကြောင်းမရှိ ဆက်လက်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဒီအခါမှာတော့ Nayeon က သည်းမခံနိုင်တော့ဘဲ မင်းတို့အရမ်းများနေပြီနော် လို့ တုံ့ပြန်ခဲ့ပါတယ်။
Joy
King of Masked Singer အပိုင်းတစ်ပိုင်းမှာ ပါဝင်တုန်းက Joy ဟာ ဝမ်းနည်းဖွယ်ရာတစ်ခုကို ဖွင့်ဟဝန်ခံသွားခဲ့ပါတယ်။ SM Entertainment ကို မရောက်ခင်တုန်းက သူကိုယ့်သူ သူတို့မြို့မှာ အတော်ဆုံးအဆိုတော်လို့ ထင်မြင်မိကြောင်း Joy က ဖွင့်ဟခဲ့ပါတယ်။
ဒါပေမဲ့ Red Velvet နဲ့ပွဲထွက်တော့ Joy ရဲ့ အဲဒီယုံကြည်ချက်တွေ ကွယ်ပျောက်ကုန်ပါတယ်။ သူမအနေနဲ့ မုန်းတီးသူတွရဲ့ ဝေဖန်မှုကို ခံခဲ့ရတာကြောင့် ရေချိုးခန်းထဲမှာ တစ်ယောက်တည်းရှိနေတဲ့အချိန်မှာသာ သီချင်းဆိုရတာ သက်သောင့်သက်သာရှိတယ်လို့ ခံစားရတော့ကြောင်း Joy က ထုတ်ဖော်ခဲ့ပါတယ်။
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *
-ZAWGYI
TWICE’s Nayeon
Joy
Ref: Koreaboo
You cannot copy content of this page