K pop

■ Netizens တွေရဲ့ အပြစ်မရှိ အပြစ်ရှာ ဝေဖန်တာကို ခံခဲ့ရဖူးတဲ့ Baekhyun

– – – Baekhyun နဲ့ Neizens တွေရဲ့ ဝေဖန်မှုတွေက ပြင်းထန်ခဲ့တယ်လို့ ဆိုရမှာဖြစ်ပြီး…..

K-pop နယ်ပယ်မှာ Idol တစ်ယောက်ဖြစ်ရတာ မလွယ်ကူလှဘဲ သူတို့ဟာ ဘာမှမဟုတ်တဲ့အရာမျိုးကိုတောင် ဝေဖန်ခံရလေ့ ရှိပါတယ်။

EXO အဖွဲ့ဝင် Baekhyun ကလည်း အတိတ်မှာတုန်းက Netizen တွေရဲ့ အပြစ်မရှိ၊ အပြစ်ရှာပြီး ဝေဖန်တာကို ခံခဲ့ရဖူးပါတယ်။ ဒါကတော့ ၂၀၁၇ ခုနှစ်အတွင်းမှာ ဖြစ်ပွားခဲ့တာပါ။ အဲဒီတုန်းက Netizens တွေဟာ Baekhyun ရဲ့ အဆိုစွမ်းရည်ပိုင်းကို ဝေဖန်ခဲ့ကြဖူးပါတယ်။

ဒီအခါမှာ Instagram မှာ Live လွှင့်ကာ Han Dong Geun ရဲ့ Amazing You ကို Cover ဆိုပြပြီး အဆိုစွမ်းရည်ပိုင်းကို အကောင်းဆုံး သက်သေပြခဲ့ပါတယ်။ ဒါပေမဲ့ တချို့မုန်းတီးမှုတွေဟာ Baekhyun ကို ဆက်လက်တိုက်ခိုက်စမြဲပါပဲ။

အဲဒီနောက် Baekhyun ဟာ စိတ်ဓာတ်ကျနေတဲ့ ပရိသတ်တစ်ယောက်ကို အကြံပေးမှုနဲ့ ပတ်သက်ပြီးလည်း Netizens တွေနဲ့ ဝေဖန်မှုကို မဆီမဆိုင် ခံခဲ့ရဖူးပါတယ်။ Baekhyun ဟာ စိတ်ဓာတ်ကျနေတဲ့ ပရိသတ်တစ်ယောက်ကို ပျော်ပျော်နေသင့်တယ်လို့ အကြံပေးခဲ့တာဖြစ်ပြီး အဲဒီဖြစ်ရပ်နဲ့ ပတ်သက်ကာ ဝေဖန်ခံခဲ့ရတာပါ။

Baekhyun က သူ့အနေနဲ့ စိတ်ဓာတ်ကျတာနဲ့ ပတ်သက်ပြီး ဗဟုသုတနည်းပါးပေမဲ့ သူ့ပရိသတ်ကို ပျော်ပျော်ရွှင်ရွှင်ရှိနေစချင်တာ စိတ်ရင်းဖြစ်ကြောင်း တောင်းပန်ခဲ့ပါတယ်။

ဒါကလည်း Baekhyun ကို စိတ်ဒဏ်ရာပေးခဲ့ပြီး အနာဂတ်မှာ အဲဒီလိုအမှားမျိုး ကျူးလွန်တာ ကြောက်နေမိတဲ့အထိ ဖြစ်ခဲ့ရပါတယ်။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page