K pop
■ BTS အဖွဲ့ဝင် V နဲ့ အလွန်ရင်းနှီးတဲ့ အမျိုးသမီး အနုပညာရှင်တစ်ဦး
-UNICODE
– – -လူချစ်လူခင် ပေါများတဲ့ V ဟာ အနုပညာနယ်ပယ်မှာလည်း အပေါင်းအသင်းများစွာရှိပြီး….
BTS အဖွဲ့ဝင် V ဟာ အရည်အချင်း ထူးချွန်ရုံမက ပေါင်းသင်းဆက်ဆံရေးလည်း ကောင်းမွန်သူဖြစ်ပါတယ်။
ဒါကြောင့် V ဟာ လူချစ်လူခင်ပေါများကြီး အနုပညာနယ်ပယ်မှာလည်း မိတ်ဆွေ၊ သူငယ်ချင်းများစွာ ရှိတာ တွေ့ရမှာပါ။ နာမည်ကျော်မင်းသားတွေဖြစ်တဲ့ Park Seo Joon,Peakboy, Choi Woo-shik, Park Hyung-sik,Tae Tae နဲ့ V တို့ရဲ့ Wooga Squad ဟာလည်း ကိုရီးယားအနုပညာရှင်နယ်ပယ်ထဲမှာ ထင်ရှားပါတယ်။
ဒါ့အပြင် V ဟာ ကြယ်ပွင့်မင်းသား Park Bo Gum နဲ့လည်း အလွန်ရင်းနှီးသူပါ။ နောက်ထပ် V ဟာ အလွန်ရင်းနှီးတဲ့ အမျိုးသမီး အနုပညာရှင်တစ်ဦးရှိနေပါတယ်။ သူကတော့ တခြားမဟုတ်ဘဲ နာမည်ကျော်မင်းသမီး H Ji Won ပဲ ဖြစ်ပါတယ်။
V နဲ့ Ha Ji Won တို့ဟာ အတူတူနေ့လည်စာ စားလေ့ရှိပြီး သူတို့နှစ်ယောက်တွဲရိုက်ထားတဲ့ ဓာတ်ပုံတွေကလည်း ပရိသတ်တွေအတွက်တော့ ကြည်နူးစရာပါ။ အင်တာဗျူးတစ်ခုမှာလည်း Ha Ji Won က သူမတို့နှစ်ယောက်ဟာ ဝါသနာတူကြတာကြောင့် ရင်းနှီးလွယ်ခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။
ဒါ့အပြင် Ha Ji Won ဟာ BTS ရဲ့ ဖျော်ဖြေပွဲတွေကို သွားရောက်ကြည့်ရှုလေ့ရှိသလို သူတို့နှစ်ယောက်ဟာ အပြန်အလှန် လက်ဆောင်တွေလည်း ပေးအပ်ကြဖူးပါတယ်။
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *
-UNICODE
Ref: Koreaboo
You cannot copy content of this page