— – – EXO အဖွဲ့ရဲ့ Rapper Chanyeol ဟာ နောက် (၁၀)နှစ်အကြာမှာ EXO အဖွဲ့ဝင်တွေ ဘာဖြစ်နေကြမလဲဆိုတာကို ခန့်မှန်းခဲ့ပါတယ်။
Chanyeol ဟာ နောက် (၁၀)နှစ်အကြာမှာ EXO အဖွဲ့ဝင်တွေ ဘာဖြစ်နေကြမလဲဆိုတာ ပြောပြထားတဲ့ ဗွီဒီယိုဖိုင်တွေကို အဖွဲ့ဝင်တွေဆီ ပေးပို့ခဲ့တာဖြစ်ပါတယ်။
Chanyeol ရဲ့ ခန့်မှန်းမှုတွေကတော့ > > >
Xiumin – စားဖိုးမှူးကြီး Minseok hyung ရဲ့ အောင်မြင်မှုအတွက် ဂုဏ်ယူပါတယ်။
Baekhyun – မင်းရဲ့ အဆိုသင်တန်းကျောင်းမှာ ကျောင်းသား (၄၀၀၀)ကျော်သွားတဲ့အတွက် ဂုဏ်ယူပါတယ်။
D.O. – အစားအသောက် လုပ်ငန်းပိုင်ရှင်ကြီးအတွက် ဂုဏ်ယူပါတယ်။
Kai – အမေရိကန်နိုင်ငံမှာ jazz အကသင်တန်းကျောင်းဖွင့်ပြီး လှူဒါန်းမှုတွေ ပြုလုပ်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်။
Chen – မင်းအခုထိ ဘာလုပ်နေတာလဲ . . . ငါနောက်တာပါ။ မင်းအကြောင်းကိုတော့ နောက်မှ ငါပြောပြမယ်။
Sehun – မင်း ဓါတ်ပုံတွေ တင်တာ သန်း(၃၀၀)ကျော်သွားပြီလို့ ငါကြားတယ်။ ဒါနဲ့ အဲဒီဓါတ်ပုံတွေရိုက်ဖို့ အဝတ်တွေ အကုန်လုံးကို မင်းဘယ်လို ဝတ်ခဲ့တာလဲ။ အရမ်းမိုက်တယ်ကွာ။
Suho – Grammy အမျိုးသားအကောင်းဆုံး ဇာတ်ဆောင်ဆု ရပါလိမ့်မယ်။ အဲဒီဆုထက် ကောင်းတဲ့ဆု မရှိတော့ဘူး မဟုတ်လား။
Chen – Jongdae ရေ . . . ငါတို့ကတော့ အနာဂတ်အတွက် ကြိုးစားကြတာပေါ့ကွာ။
— ဃဲ
Ref: KStarLive & Photos Credits.
*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***