K pop

■ စတုတ္ထမျိုးဆက်မှာ Album ရောင်းအား (၁) သန်းကျော်တာ ဒီ အဖွဲ့ (၆) ဖွဲ့ပဲရှိတယ်

– — Album ရောင်းအားနဲ့ ပတ်သက်ရင် စတုတ္ထမျိုးဆက်မှာ အောင်မြင်မှုအရှိဆုံးလို့ ဆိုရမှာဖြစ်ပြီး…

၁၉၉၀ ခုနှစ်ဝန်းကျင်လောက် စတင်စီးဆင်းလာခဲ့တဲ့ K-pop ရေစီးကြောင်းဟာ အခုဆိုရင် စတုတ္ထမျိုးဆက်အထိ ရောက်ရှိလာခဲ့ပါပြီ။

K-pop မှာ မျိုးဆက်သတ်မှတ်မှုကလည်း ပရိသတ်တွေကြား အငြင်းပွားဖွယ်ရာဖြစ်ပြီး လွန်ခဲ့တဲ့ (၃)နှစ်ဝန်းကျင်လောက်က စတုတ္ထမျိုးဆက်စတင်တယ်ဆိုပြီး ပရိသတ်တွေက ယေဘုယျအားဖြင့် သဘောတူညီ လက်ခံထားကြပါတယ်။

စတုတ္ထမျိုးဆက်အဖွဲ့တွေကလည်း K-pop နယ်ပယ်မှာ အောင်မြင်မှုတွေ စိုက်ထူထားခဲ့ကြပြီး ဒီအထဲမှာမှ Album ရောင်းအား (၁) သန်းကျော်တဲ့ အဖွဲ့တွေကို ဖော်ပြပေးလိုက်ရပါတယ်။

TREASURE

TREASURE ကတော့ ပွဲမထွက်ခင်ကတည်းက ပရိသတ်တွေရဲ့ စိတ်ဝင်စားခြင်းကို ခံခဲ့ရတဲ့အဖွဲ့ပါ။ ပွဲထွက်ပြီး (၆) လအတွင်းမှာပဲ Single Album (၃) ချပ်၊ Studio Album (၁) ချပ် ထုတ်ဝေခဲ့ပါတယ်။ နောက်ဆုံး Album The First Step: Treasure Effect ထုတ်ဝေအပြီးမှာတော့ TREASURE ဟာ Album ရောင်းအား (၁) သန်း ပြည့်မြောက်ခဲ့ပါတယ်။ ဒါ့အပြင် Album ရောင်းအား (၁) သန်းပြည့်မြောက်တဲ့ အသက်အငယ်ဆုံး K-pop အဖွဲ့အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

The Boyz

The Boyz ကတော့ ၂၀၁၇ ခုနှစ်အတွင်း Cre.ker Entertainment လက်အောက်ကနေ ပွဲထွက်ခဲ့တာပါ။ သူတို့ရဲ့ ပထမဆုံး Album The First Album က ၇၅၀၀၀ သာ ရောင်းချခဲ့ရပေမဲ့ Road to Kingdom မှာ ပထမရရှိပြီးနောက် ရေပန်းစားကျော်ကြားလာခဲ့ပါတယ်။ အခုဆိုရင် The Boyz အဖွဲ့ဟာ Album ရောင်းအား (၁) သန်း ကျော်လွန်သွားခဲ့ပြီဖြစ်ပြီး သူတို့ရဲ့ အရောင်းရဆုံး Album ကတော့ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့မှာ ထုတ်ဝေခဲ့တဲ့ Chase ပဲ ဖြစ်ပါတယ်။

ATEEZ

အေဂျင်စီသေးသေးကနေ ပွဲထွက်ခဲ့တဲ့ ATEEZ ဟာ စစချင်းတော့ အောင်မြင်မှု ရရှိဖို့ ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမဲ့ ATEEZ အဖွဲ့ဟာ နိုင်ငံခြားမှာ ပရိုးမိုးရှင်းဆင်မှုကြောင့် လူသိများလာတာ ပရိသတ်တွေ တိုးပွားလာခဲ့ပြီး Album ရောင်းအား (၁) သန်းကျော်သွားခဲ့ပါပြီ။

TXT

TXT ကလည်း သူတို့ရဲ့ စီနီယာ BTS ရဲ့ နေရာကို လိုက်နင်းနိုင်ခဲ့ပြီးအောင်မြင်မှုတွေ သိမ်းပိုက်ထားပါတယ်။ ပွဲဦးထွက် Album The Dream Chapter: Star က အံ့အားသင့်ဖွယ်ကောင်းလောက်အောင် ၂၆၀၀၀၀ အထိ ရောင်းချခဲ့ရပါတယ်။ အခုအခါမှာတော့ TXT ဟာ Album ရောင်းအား (၁.၃၇) သန်း ရှိသွားခဲ့ပါပြီ။

Stray Kids

JYP Entertainment လက်အောက်ခံ Stray Kids ကလည်း ပွဲထွက်ကတည်းက အောင်မြင်မှုကို သိမ်းပိုက်နိုင်ခဲ့တာပါ။ အခုအခါမှာတော့ Stray Kids ဟာ Album ရောင်းအား (၁.၉၅)သန်းအထိ ရှိနေတာပါ ။

IZ*ONE

ဒီစာရင်းမှာ ပါဝင်ခဲ့တဲ့ တစ်ဖွဲ့တည်းသော အမျိုးသမီးအဖွဲ့ပါ။ Produce 48 အစီအစဉ်ကနေ ပေါ်ထွက်လာခဲ့တဲ့ IZ*ONE ဟာ လှုပ်ရှားမှု ပြုလုပ်စဉ်ကာလအတွင်း ပရိသတ်တွေအားလုံးရဲ့ အာရုံစူးစိုက်မှုကို အပြည့်အ၀ ရရှိခဲ့တာ ဖြစ်ပါတယ်။ Producer စီးရီးတွေက မဲအရှုပ်တော်တွေကြောင့် ပုံရိပ်ကျဆင်းမှုတွေ ရှိနေတဲ့တိုင် IZ*ONE ရဲ့ အောင်မြင်မှုကတော့ ကျဆင်းမသွားဘဲ အဖွဲ့မဖျက်သိမ်းလိုက်ဖို့တောင် ပရိသတ်တွေက တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

သူမတို့ရဲ့ Oneiric Diary ဟာ ချပ်ရေ ၅၅၀၀၀၀ အထိ ရောင်းချရခဲ့ပြီး K-pop သမိုင်းတစ်လျှောက် အရောင်းရဆုံးအမျိုးသမီး Album တွေထဲကတစ်ချပ်လည်း ဖြစ်ခဲ့ပါတယ်။

You cannot copy content of this page