K pop

■ Epik High နဲ့ Collaboration လုပ်ရတာ အိပ်မက်တစ်ခုပါပဲလို့ B.I ပြောကြား

— တဖြည်းဖြည်းနဲ့ B.I ဟာ ပရိသတ်တွေနဲ့အနီးဆုံးကိုရောက်ရှိလာပြီဖြစ်တာကြောင့် …

B.I ဟာ အနုပညာလှုပ်ရှားမှုတွေခတ္တခဏရပ်ဆိုင်းထားရာကနေ Epik High ရဲ့ 10ခုမြောက် Studio Album ‘Epik High is Here’ ထဲမှာပါဝင်တဲ့ ‘Acceptance Speech.’ မှာ Featuring အဆိုတော်တစ် ဦးအနေနဲ့ Music Comeback ပြန်လုပ်ခဲ့တယ်လို့ ဆိုရမှာပါ။

B.I နဲ့ အလုပ်တွဲလုပ်ရတဲ့အပေါ် Epik High အဖွဲ့ဝင်တွေကလည်း ပျော်ရွှင်နေကြပြီး B.I ရဲ့ သုံးမကုန် နိုင်တဲ့ အနုပညာအရည်အချင်းကို ချီးကျူးခဲ့ကြပါတယ်။ အခုအခါ B.I ကလည်း Epik High နဲ့ အလုပ် တွဲလုပ်ရပြီး သီချင်းတွေပြန်ရေးသားမှုအပေါ် ခံစားချက်တွေကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

B.I က “ Epik High ရဲ့ ကမ်းလှမ်းမှုကိုရတဲ့အခါ အခွင့်အခါမသင့်ဖြစ်နေလားဆိုပြီး ကျွန်တော် ေ၀ဝါး ခဲ့ပါသေးတယ်။ လွယ်လွယ်ကူကူ မဆုံးဖြတ်နိုင်ခဲ့သလို အာရုံစူးစိုက်မှုတွေလည်းမရခဲ့ပါဘူး။ ဒီသီချင်း မှာပါဝင်ပူးပေါင်းဖို့ Epik High ဟာ ကျွန်တော့်ကို အကြံဉာဏ်တွေပေးခဲ့သလို သတ္တိတွေရအောင် လည်း အားပေးခဲ့ကြပါတယ်။

ကျွန်တော်ဟာ အရင်ကတည်းက Epik High ရဲ့ ပရိသတ်တစ်ဦးဖြစ်ခဲ့သူဖြစ်ပါတယ်။ အခုလို သူတို့နဲ့ Collaboration လုပ်နိုင်ခဲ့တာဟာ အိပ်မက်တစ်ခုလိုပါပဲ။ ကောင်းမွန်တဲ့ သီချင်းတစ်ပုဒ်မှာ ပါဝင်ခွင့် ပေးပြီး အခွင့်အရေးပေးလို့ စီနီယာတွေကို ကျေးဇူးတင်ပါတယ်လို့ ထပ်လောင်းပြောချင်ပါတယ်” လို့ ပြောခဲ့ပါတယ်။

B.I ဟာ 2019 ခုနှစ်က iKON နဲ့ YG Entertainment က ထွက်ခွာပြီးနောက် ‘Acceptance Speech’ နဲ့ ပထမဆုံးအကြိမ် Official Music ထုတ်လွှင့်ပါဝင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ဒီမတိုင်ခင် Demo သီချင်းတွေကိုတော့ ထုတ်လွှင့်ထားခဲ့ပါတယ်။

-m2t
Ref: Kstarlive*Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။*

You cannot copy content of this page