Celebrity

■ Lee Sun Bin နဲ့ အချစ်ရေးကို Lee Kwang Soo ဖွင့်ဟ

— – – Running Man အဖွဲ့ဝင် Lee Kwang Soo ဟာ သူနဲ့ သူ့ရဲ့ချစ်သူဖြစ်တဲ့ မင်းသမီး Lee Sun Bin တို့ရဲ့ အချစ်ရေးကို ဖွင့်ဟခဲ့ပါတယ်။

‘My Special Brother’ ဆိုတဲ့ ရသစုံလင်အစီအစဉ်တစ်ခုမှာ Lee Kwang Soo ပါဝင်ခဲ့ပြီး အင်တာဗျူးသမားတွေက Lee Kwang Soo ရဲ့ အချစ်ရေးအကြောင်းကို မေးမြန်းခဲ့ကြတာပါ။ အဲဒီအခါ Lee Kwang Soo က သူ့ရဲ့အချစ်ရေးဟာ ဖိအားတော့ နည်းနည်းများတယ်လို့ ပြန်ဖြေခဲ့ပါတယ်။

“ ကျွန်တော်တို့နှစ်ယောက်ရဲ့ အချစ်ရေးဟာ ဖိအားနည်းနည်းတော့ များပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အဆင်ပြေကြပါတယ်။ ပထမတုန်းက Lee Sun Bin နဲ့ ကျွန်တော်ဟာ ပေါ့ပေါ့ပါးပါးပဲ ချိန်းတွေ့ကြပြီး သတင်းဆိုး တွေမထွက်အောင်တော့ ကျွန်တော်တို့ သတိထားရပါတယ်။

ကျွန်တော်တို့အနေနဲ့ လူသိရှင်ကြား ပြောပြခဲ့တာကတော့ အချစ်ရေးကို လျှို့ဝှက်ထားစရာမလိုဘူးလို့ ထင်တာကြောင့်ပါ။ လက်ထပ်မယ့်ကိစ္စကို တော့ ကျွန်တော်တို့ မစဉ်းစားနိုင်သေးပါဘူး။ ကျွန်တော်တို့မှာ အသိုင်းအဝိုင်းတွေရှိပါတယ်။ ဒါပေမဲ့ ကျွန်တော် တို့အနေနဲ့ လက်ရှိမှာတော့ အိမ်ထောင်သည်ဘဝကို ထူထောင်ဖို့ အဆင်သင့်မဖြစ်သေးပါဘူး”
– Lee Kwang Soo

Lee Kwang Soo နဲ့ မင်းသမီး Lee Sun Bin တို့ဟာ Running Man ရိုက်ကူးရင်း ဆုံတွေ့ခဲ့ကြတာဖြစ်ပြီး ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလမှာ သူတို့ရဲ့အချစ်ရေးကို လူသိရှင်ကြား ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

— ဃဲ
Ref: Allkpop & Photos Credits.

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page