K pop

■ အခြား Artist တွေဆီက Sign ထိုးထားတဲ့ Album လက်ဆောင်ကို ရောင်းစားနေတယ်လို့ CLC ဝေဖန်ခံနေရ

— CLC အဖွဲ့ဟာ အခြား Artist တွေဆီက ရပြီး Sign ထိုးတဲ့ Album လက်ဆောင်ကို ရောင်းစားနေ တယ်ဆိုပြီး ဝေဖန်ခံနေရ…ဒါပေမဲ့ CLC ပရိသတ်တွေကတော့…

မကြာသေးခင်က လူမှုကွန်ရက်မှာ ပျံ့နှံ့လာတဲ့ ဓါတ်ပုံတွေကြောင့် အမျိုးသမီးအဖွဲ့ CLC ဟာ အခြား Artist တွေဆီက ရပြီး Sign ထိုးထားတဲ့ Album လက်ဆောင်ကို ရောင်းစားနေတယ်ဆိုပြီး ဝေဖန်ခံနေ ရပါတယ်။

ဒါပေမဲ့ CLC ကို ဝေဖန်တဲ့ပရိသတ်တွေရှိသလို ထောက်ခံတဲ့ပရိသတ်တွေနဲ့ လူမှုကွန်ရက်မှာ ငြင်းခုန်မှု တွေဖြစ်ပွားနေကြပါတယ်။ TVXQ အဖွဲ့ဝင် Yunho နဲ့ Rocket Punch တို့ရဲ့ Sign ထိုးထားတဲ့ Album တွေဟာ Secondhand ဈေးကွက်မှာ အရောင်းတင်ထားခဲ့ကြတာကို ပရိသတ်တွေက တွေ့မြင်ခဲ့ကြ တာပါ။

အဆိုပါ Album တွေရဲ့အပေါ်မှာ TVXQ အဖွဲ့ဝင် Yunho နဲ့ Rocket Punch တို့ရဲ့ Sign တွေပါဝင်ပြီး “CLC ဆီသို့” ဆိုတဲ့ စာလည်းပါတာဖြစ်ပါတယ်။ TVXQ အဖွဲ့ဝင် Yunho ဆိုရင် ဂျူနီယာ CLC အဖွဲ့ ထံ “ ပါဖော့မန့်နဲ့ပတ်သက်ပြီး အကောင်းဆုံးလုပ်ထားပါတယ်။ မင်းတို့ကိုတွေ့ရတာ ပျော်ရွှင်စရာပဲ ဖြစ်ပါတယ်။ နှစ်အရှည်ကြီး ပရိသတ်တွေအတွက် အကောင်းဆုံးဖျော်ဖြေမှုပေးနိုင်တဲ့ Artist တွေဖြစ်ပါ စေလို့ ဆုတောင်းပေးပါတယ်” လို့လည်း ရေးသားထားခဲ့ပါတယ်။

CLC ရဲ့ အမာခံပရိသတ်တွေက အဖွဲ့ဝင်တွေလုပ်တာမဟုတ်နိုင်ဘဲ Cube Entertainment အေဂျင်စီ ဝန်ထမ်းတစ်ဦးဦးလုပ်တာဖြစ်နိုင်တယ်လို့ တွက်ဆနေကြပါတယ်။ အချို့ Netizen တွေကတော့ TVXQ အဖွဲ့ဝင် Yunho နဲ့ Rocket Punch တို့အပေါ် မကောင်းသလိုဖြစ်နေပြီး ပိုက်ဆံလိုအပ်တိုင်း မရောင်းသင့်ဘူးစတဲ့ မှတ်ချက်အပါအဝင် များစွာဝေဖန်မှုတွေပြုလုပ်နေကြပါတယ်။ ဒီဝေဖန်မှုတွေကို တော့ CLC ရော Cube Entertainment အေဂျင်စီ ပါ တစ်စုံတစ်ရာတုံ့ပြန်မှု မလုပ်ထားသေးပါဘူး။

-m2t
Ref: Kstarlive

-m2t
Ref: Kstarlive*Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။*

You cannot copy content of this page