K pop
■ Kim Tae Hee ထက်ပိုလှတယ်လို့ ပြောဆိုခဲ့မှုကြောင့် ဝေဖန်ခံခဲ့ရတဲ့ (၅၂) နှစ်အရွယ် ဆယ်လီသွားဆရာဝန်
-UNICODE
– – -သူမဟာ ဆက်စီကျတဲ့ပုံတွေနဲ့ ထင်ပေါ်ပေမဲ့ Kim Tae Hee နဲ့ ခိုင်းယှဉ်တဲ့ မှတ်ချက်ကြောင့်….
အသက် (၅၂) နှစ်အရွယ်ရှိ သွားဆရာဝန် Lee Soo Jin ဟာ ဆက်စီကျတဲ့ ဓာတ်ပုံတွေ ရိုက်ကူးမှု ပြုလုပ်လေ့ရှိသူဖြစ်ပြီး သူမရဲ့ခန္ဓာကိုယ်အလှကြောင့် ပရိသတ်တွေကြား ရေပန်းစားသူတစ်ယောက်ပါ။
ဒါပေမဲ့ မှတ်ချက်စကားတစ်ခုကြောင့် Lee Soo Jin ဟာ ပရိသတ်တွေကြား ဝေဖန်မှုကို ခံနေရလျက် ရှိပါတယ်။ ဒါကတော့ Lee Soo Jin ဟာ သူမဟာ နာမည်ကျော်မင်းသမီး Kim Tae Hee ထက်ပိုလှတယ်လို့ ပြောဆိုခဲ့တာပါပဲ။
Lee Soo Jin နဲ့ သူမရဲ့သမီးဖြစ်သူ Jena တို့ဟာ အွန်လိုင်းမှာ ဗီဒီယိုတွေ တင်ဆက်လေ့ရှိတာပါ။ ပြီးခဲ့တဲ့ ဗီဒီယိုတစ်ခုမှာတော့ Lee Soo Jin က “ကျွန်မ ကောလိပ်ကျောင်းသူဘဝတုန်းက Kim Tae Hee ထက်ပိုလှတယ်”လို့ အရွှန်းဖောက်ခဲ့ပါတယ်။
ဒါပေမဲ့ Netizen တွေက အဲဒီမှတ်ချက်စကားနဲ့ ပတ်သက်ပြီး Lee Soo Jin ကို ဝေဖန်ခဲ့ကြပါတယ်။ Lee Soo Jin နဲ့ Kim Tae Hee တို့ဟာ တက်ရောက်တဲ့ တက္ကသိုလ်ချင်းတူညီကြတာဖြစ်လို့ Lee Soo Jin ရဲ့ မှတ်ချက်စကားနဲ့ ပတ်သက်ပြီး Netizen တွေက သဘောမကျဖြစ်နေကြတာပါ။
ဒါကြောင့် တလောက Lee Soo Jin နဲ့သူမရဲ့သမီးဖြစ်သူတို့ဟာ Q&A ဗီဒီယိုတစ်ခု ပြုလုပ်ခဲ့ပြီး တိုက်ရိုက်ထုတ်လွှင့်ခဲ့ရာမှာတော့ မလိုမုန်းထားမှတ်ချက်တွေနဲ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း သူမတို့ သားသမီးနှစ်ယောက် ဘက်ကနေ ရပ်တည်ကြသူတွေ ရှိခဲ့ပါတယ်။
သူမရဲ့အမေဖြစ်သူနဲ့ ပတ်သက်ပြီး ပရိသတ်တွေအနေနဲ့ မစိုးရိမ်စေလိုကြောင်း၊ သူမရဲ့အမေဟာ မလိုမုန်းထားမှတ်ချက်တွေကို ဂရုမစိုက်ကြောင်း Jena က ဆိုခဲ့ပါတယ်။ မလိုမုန်းထားတိုက်ခိုက်တဲ့ မှတ်ချက်တွေကို တရားစွဲဖို့ မလုပ်ဘူးဆိုတဲ့ မေးခွန်းကိုတော့ Lee Soo Jin က “သူတို့ရဲ့ screenshots တွေ စုထားတယ်ရှင့်”ဆိုပြီး တုံ့ပြန်ခဲ့ပါတယ်။
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *
-ZAWGYI
Ref: Koreaboo
You cannot copy content of this page