K pop

■ Running Man အဖွဲ့ဝင်ထဲမှာ ကြည့်အကောင်းဆုံး အဖွဲ့ဝင်က ဘယ်သူလဲ

—- Running Man အဖွဲ့ဝင်ထဲမှာ အချောဆုံးနဲ့ ကြည့်အကောင်းဆုံးအဖွဲ့ဝင်ကို အခြားအဖွဲ့ဝင်တွေ က သတ်မှတ်ခဲ့ကြတာပါ…

Running Man အဖွဲ့ဝင်တွေဟာ အဆိုပါအကြောင်းအရာကို ပြီးခဲ့တဲ့နှစ်က အပိုင်းတစ်ခုမှာ ပြောခဲ့ကြ တာဖြစ်ပေမယ့် လူမှုကွန်ရက်မှာ ပြန်တက်လာလို့ RM ပရိသတ်တွေအတွက် ပြန်တင်ပေးလိုက်တာပါ။ အဲဒီလို ကိုယ့်အဖွဲ့ထဲက အချောဆုံးနဲ့ ကြည့်အကောင်းဆုံး အဖွဲ့ဝင်ကို ရွေးချယ်ခဲ့ရာမှာ ပထမဆုံး Lee Kwang Soo က ပြောခဲ့ပါတယ်။ Lee Kwang Soo က “ အချောဆုံးက Song Ji Hyo ဖြစ်ပြီး ဒုတိယက ငါ ” လို့ ပြောခဲ့ပါတယ်။

နောက်တော့ Yoo Jae Suk က ပြောခဲ့ပြီး “ ကျွန်တော်ကတော့ နံပါတ် (2)ပါ။ နံပါတ် (1)ကတော့ Song Ji Hyo ဖြစ်ပါတယ်” လို့ မဲပေးခဲ့ပါတယ်။

အဲဒီအခါ HAHA က Jeon So Min ကိုကြည့်ပြီး “ မင်းနဲ့ ငါနဲ့က နံပါတ် (2)ပဲ … Jeon So Min…တ ကယ်ဆိုရင် မင်းဟာ ငါ့လောက်တောင် ကြည့်မကောင်းပါဘူး။ Song Ji Hyo ကတော့ ငါတို့အားလုံး ထဲမှာ အချောဆုံးပဲ” လို့ နောက်ပြောင်ပြီးပြောခဲ့ပါတယ်။

Song Ji Hyo အလှည့်မှာတော့ “ ဒုတိယ ကြည့်အကောင်းဆုံးသူကတော့ Jeon So Min ” ဖြစ်တယ် လို့ ပြောတဲ့အခါမှာ RM အဖွဲ့ဝင်အားလုံးက “ အိုး…Jeon So Min …မင်းမနိုင်တော့ဘူး” လို့ နောက် ပြောင်ခဲ့ကြပါတယ်။

-m2t
Ref: SBSstar

-m2t
Ref: Kstarlive*Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။*

You cannot copy content of this page