Celebrity

■ အခွန်တိမ်းရှောင်မှုကြောင့် ရွှေ့ဆိုင်းထောင်ဒဏ်နဲ့ ဒဏ်ငွေပြစ်ဒဏ်ချမှတ်ခံခဲ့ရတဲ့ မင်းသား Jang Geun Suk ရဲ့ မိခင်

— မင်းသားချော Jang Geun Suk ရဲ့ မိခင်ဖြစ်သူဟာ အခွန်တိမ်းရှောင်မှုကြောင့် ရွှေ့ဆိုင်း ထောင်ဒဏ်နဲ့ ဒဏ်ငွေပြစ်ဒဏ်တွေချမှတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

ဆိုးလ်တရားရုံးက Jang Geun Suk ရဲ့ မိခင်ဖြစ်သူကို အခွန်တိမ်းရှောင်မှုကြောင့် ရွှေ့ဆိုင်းထောင် ဒဏ် 2နှစ်ခွဲနဲ့ ဒဏ်ငွေ ဝမ် 3 ဘီလီယံ ပြစ်ဒဏ်တွေချမှတ်ခဲ့တာဖြစ်ပါတယ်။ Jang Geun Suk ရဲ့ မိခင်ဖြစ်သူဟာ Tree J Company ကို တည်ထောင်ထားတဲ့သူဖြစ်ပြီး အခွန် 1.5 ဘီလီယံအခွန် လွှဲရှောင်မှုနဲ့ တရားစွဲဆိုခံထားရတာဖြစ်ပါတယ်။

မင်းသား Jang Geun Suk ဟာ မိခင်ဖြစ်သူရဲ့ ကုမ္ပဏီ Tree J Company ရဲ့ မင်းသားတစ်ဦးဖြစ်ပြီး မိခင်ဖြစ်သူဟာ သားဖြစ်သူရဲ့ ဝင်ငွေတွေ၊ နိုင်ငံခြား အနုပညာလှုပ်ရှားမှုက ဝင်ငွေတွေကို မှန်မှန်ကန် အခွန်မပေးဆောင်ဘဲ တိမ်းရှောင်ခဲ့တာကြောင့် အခုလို ပြစ်ဒဏ်တွေချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ မင်းသား Jang Geun Suk ဟာ စစ်မှုတာဝန်ထမ်းဆောင်ပြီးနောက် ကုမ္ပဏီက ပြဿနာတက်တာကြောင့် ကုမ္ပဏီမှ ထွက်သွားခဲ့တယ်လို့ သိရပါတယ်။

-m2t
Ref: allkpop

-m2t
Ref: Kstarlive*Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။*

You cannot copy content of this page