K pop

■ အမေရိကန်ဒုတိယသမ္မတက BTS ပရိသတ်လား

—- ARMY တွေဟာ အမေရိကန် ဒုတိယ သမ္မတ Kamala Harris ဟာ BTS ပရိသတ်လားဆိုပြီး…

အမေရိကန်သမ္မတ Joe Biden ကျမ်းသစ္စာဆိုပွဲမှာ 49 ဦးမြောက် ဒုတိယသမ္မတအဖြစ် Kamala Harris ဟာလည်း ကျမ်းသစ္စာဆိုမှုပြုလုပ်ခဲ့ပါတယ်။ Kamala Harris ဟာ အမေရိကန်သမိုင်းတစ် လျှောက် ပထဆုံး လူမည်း နဲ့ အိန္ဒိယနွယ်ဖွား ဒုတိယသမ္မတ တစ်ဦးလည်းဖြစ်ခဲ့ပါတယ်။

သူမရဲ့ အောင်မြင်မှုအတွက် အမေရိကန်ပြည်သူတွေဟာ စိတ်ဝင်စားခဲ့ကြပြီး အထူးသဖြင့် BTS အဖွဲ့ရဲ့ အမာခံပရိသတ်တွေဖြစ်တဲ့ ARMY တွေက Kamala Harris ရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အချက်အလက်တွေကို ရှာဖွေတွေ့ရှိခဲ့တာပါ။

အဲဒီအချက်အလက်တွေက ဘာလဲဆိုတော့ အမေရိကန် ဒုတိယသမ္မတဟာ Twitter မှာ BTS ရဲ့ Official အကောင့်ကို Follow လုပ်ထားတာဖြစ်ပါတယ်။ ဒီအခြေအနေကိုကြည့်ပြီး ARMY တွေက အမေရိကန်သမ္မတဟာလည်း BTS အဖွဲ့ကိုသိပြီး အားပေးတဲ့သူဖြစ်နိုင်တယ်လို့ တွက်ဆသလို ဂုဏ် လည်းယူနေကြပါတာပါ။

ဒါ့အပြင် သိမ်းငှက်မျက်လုံးပိုင်ရှင် ARMY တွေဟာ အမေရိကန် ဒုတိယ သမ္မတ Kamala Harris ဟာ သီချင်းနားထောင်းတဲ့ သူမရဲ့ Spotify Playlist ထဲမှာ BTS ရဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ ‘Boy With Luv’ ကို ထည့်သွင်းထားတာကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ ဒါကြောင့် ARMY တွေက ပိုပြီး ဂုဏ်ဆာခဲ့ကြ ကာ Twitter မှာ အမျိုးမျိုး Post တွေတင်ခဲ့ပါတယ်။

-m2t
Ref: Allkpop

*Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။*

You cannot copy content of this page