K pop

■ ဒုတိယ အမြန်ဆုံး Million Seller Boy Group ဖြစ်လာတဲ့ TREASURE

—- YG ရဲ့ Rookie Boy Group ဟာ Debut လုပ်ပြီး မြန်မြန်ဆန်ဆန်နဲ့ပဲ K-pop သမိုင်းမှာ ဒုတိယ Album Million Seller ဆိုတဲ့ ဂုဏ်ပုဒ်ကို…

YG Entertainment က မွေးထုတ်ပေးထားတဲ့ အမျိုးသားအဖွဲ့ TREASURE အဖွဲ့ဟာ Official Debut လုပ်ပြီး (၅)လကြာပြီးနောက် Album ရောင်းအား (1)သန်းကျော်ရောင်းချနိုင်ခဲ့ပါတယ်။

ဒါကြောင့် TREASURE အဖွဲ့ဟာ K-pop သမိုင်းမှာ Debut လုပ်ပြီး အမြန်ဆုံး Album Million Seller ဖြစ်ခဲ့တဲ့ ဒုတိယ Boy Group အဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ နောက်ပြီး TREASURE အဖွဲ့ဟာ 4th-generation group မှာတော့ အမြန်ဆုံး Million Seller K-pop Group ဖြစ်တယ်လို့ သိရပါတယ်။

K-pop သမိုင်းမှာ ပထမ Album Million Seller ဆိုတဲ့ ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ထားတဲ့အဖွဲ့ကတော့ Wanna One (ယခုဖျက်သိမ်း)ဖြစ်ပြီး Debut လုပ်ပြီး (4)လနဲ့ Album (1)သန်းကျော်ရောင်းချနိုင်ခဲ့ တာဖြစ်ပါတယ်။ Wanna One ရဲ့နောက် ဒုတိယကတော့ TREASURE ဖြစ်ပြီး တတိယကတော့ EXO အဖွဲ့ဖြစ်ပါတယ်။ EXO အဖွဲ့ဟာ Debut လုပ်ပြီး 1နှစ် 4 လအကြာမှာ Album (1)သန်းကျော်ရောင်း ချနိုင်ခဲ့တာဖြစ်ပါတယ်။

TREASURE အဖွဲ့ဟာ သူတို့နောက်ဆုံး Album “The First Step: Treasure Effect,” ထွက်ပြီး နောက် Million Seller တွေဖြစ်ခဲ့ကြတာဖြစ်ပါတယ်။

-m2t
Ref: Allkpop

*Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။*

You cannot copy content of this page