K pop

■ Chanyeol ကြောင့် အလွန်အောင်မြင်ခဲ့တဲ့ ဂိမ်းတစ်ခု

—- တောင်ကိုရီးယားနိုင်ငံရဲ့ ဆယ်ကျော်သက်တွေကြားမှာ ဒီဂိမ်းတစ်ခုဟာ Chanyeol ကြောင့် ပိုပို ပြီးအောင်မြင်လာခဲ့….

ပြီးခဲ့တဲ့ 2020 ခုနှစ် စက်တင်ဘာလတုန်းက EXO အဖွဲ့ဝင် Chanyeol ဟာ EXO-L တွေနဲ့ ‘Among Us’ ဂိမ်း ကို အတူတူဆော့ခဲ့ကြတာ EXO-L တွေအားလုံးသိပါတယ်။ အဲဒီတုန်းက Chanyeol ဟာ အလုပ်တွေရှုပ်နေပေမယ့် သူ့ရဲ့ပရိသတ်တွေကို ဂိမ်းကို Install လုပ်ပြီး ဆော့ကစားကြဖို့ တိုက်တွန်း ခဲ့တာပါ။

 

Chanyeol ဟာ အဆိုပါ Indie ဂိမ်းတစ်ခုဖြစ်တဲ့ ‘Among Us’ ကို ဆော့ကစားဖို့ တိုက်တွန်းပြီးတဲ့ နောက်မှာတော့ EXO-L တွေဟာ Download အမြန်လုပ်ခဲ့ကြပြီး Chanyeol နဲ့အတူတူဆော့ကစားခဲ့ ကြတာပါ။ အဆိုပါ Indie ဂိမ်းတစ်ခုဖြစ်တဲ့ ‘Among Us’ ဖန်တီးထားတာ 2နှစ်ခန့်ရှိပြီဖြစ်ပေမယ့် သိပ် မပေါက်ခဲ့ပါဘူး။

Chanyeol မဆော့ခင် သြဂုတ်လလောက်မှာ ဂိမ်းထုတ်လုပ်ရေးတာဝန်ရှိသူတွေဟာ ‘Among Us’ ဟာ သိပ်မပေါက်တဲ့အတွက် Among Us 2 ကို ထပ်ထုတ်လွှင့်ဖို့ဆိုပြီး ကြေညာထားခဲ့ပါတယ်။ Chanyeol က မိတ်ဆက်ပေးပြီးနောက်ပိုင်းမှာ ဂိမ်းဆော့တဲ့သူတွေများပြားလာခဲ့သလို ဂိမ်းကို Download မှုတွေ ကလည်း အလျင်အမြန်မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ဂိမ်းထုတ်လုပ်ရေးအဖွဲ့ဟာ Among Us 2 ကို မထုတ်လွှင့်တော့ဘဲ ‘Among Us’ အရှိန်ပိုမြင့်တင်ပြီး ပိုကောင်းလာအောင် ကြိုးစား လာခဲ့ပါတယ်။

(မှတ်ချက် – စာရေးသူအနေနဲ့ အလုပ်အတွင်း ကိုရီးယားလူမျိုးအိမ်ထောင်သည်တစ်ဦး နဲ့ ခင်မင်ပြီး သူကနေတဆင့် သူ့သားသမီးတွေနဲ့ သူတို့ ‘Among Us’ ဂိမ်းဆော့တာကို သိခဲ့ပါတယ်။ ခင်မင်တဲ့ ကိုရီးယားလူမျိုးကလည်း စာရေးသူတို့ မြန်မာတွေကို အတူတူဆော့ဖို့ ကမ်းလှမ်းခဲ့ဖူးလို့ ဆယ်ကျော် သက်တွေကြားမှာ ‘Among Us’ ဘယ်လောက်ထိ လက်ရှိနာမည်ကြီးနေသလဲဆိုတာ သိတယ်လို့ ဆိုရမှာပါ)

-m2t
Ref: Allkpop

*Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။*

You cannot copy content of this page