K pop

■ BLACKPINK အဖွဲ့မှာ အမျိုးသမီးဝန်ထမ်းဘာလို့မခန့်တာလဲ

BLACKPINK ဟာ YG ရဲ့လက်အောက်မှာ ရှိပေမယ့် ဒီအချက်ကြောင့် အမျိုးသားဝန်ထမ်းတွေကို မခန့်ခဲ့တာပါ။ မတ်လ (၁၂) ရက်နေ့က YG Entertainment ဝန်ထမ်းဟောင်းတစ်ယောက်က YG က အဖြစ်အပျက်တွေအကြောင်း ပြောဆိုထားတဲ့ ဗီဒီယိုတစ်ခု ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

အဲဒီအင်တာဗျူးမှာထဲမှာဟာ BLACKPINK အဖွဲ့ဝင်တွေဘေးနားမှာ ဘာကြောင့် အမျိုးသားဝန်ထမ်းမခန့်အပ်ထားသလဲဆိုတာကို ဖွင့်ဟသွားခဲ့တာပါ။ YG ဟာ Dating သတင်းတွေကို ရှောင်ကြဉ်ဖို့အတွက် အရမ်း အလေးအနက်ထားတဲ့အေဂျင်စီဖြစ်ပါတယ်။

YG အနေနဲ့ အမျိုးသာားတွေနဲ့ အမျိုးသမီးတွေရဲ့ ထမင်းစားချိန်တွေကအစ သီးသန့်ခွဲထားတယ်လို့လည်း တစ်ခါက BLACKPINK အဖွဲ့ဝင် Jisoo က ဖွင့်ဟခဲ့ဖူးပါတယ်။ YG ဝန်ထမ်းဟောင်းရဲ့ ပြောကြားချက်အရ BLACKPINK ဟာ Teddy ကြောင့် အမျိုးသားဝန်ထမ်း မခန့်တာလို့ သိရပါတယ်။

“BALCKPINK ဟာ YG Entertainment ရဲ့လက်အောက်မှာ ရှိပေမယ့် The BLACK Label ရဲ့ Teddy က သူတို့ကို တာဝန်ယူရပါတယ်။ Teddy က BLACKPINK အဖွဲ့ဝင်တွေ လှတာကို သိပါတယ်။ ဒါကြောင့် သူတို့နားမှာ အမျိုးသားဝန်ထမ်းတွေရှိတာကို မကြိုက်ပါဘူး။ ဒါကြောင့် BALCKPINK ရဲ့ ဝန်ထမ်းတွေက အမျိုးသမီးတွေပဲ ဖြစ်နေတာပါ”လို့ YG ဝန်ထမ်းဟောင်းတစ်ယောက်က ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

-Chi Ko

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page