K pop

■ Minzy ရဲ့ မွေးနေ့မှာ ဆုံစည်းကြပြီး Birthday ပါတီလုပ်ခဲ့ကြတဲ့ 2NE1

— Blackjack တွေဟာ 2NE1 အဖွဲ့ရဲ့ အတူရှိနေကြတဲ့ ပုံရိပ်တွေကို အမြဲတမ်းတွေ့ချင်နေကြတာ ပါ…

ဇန်နဝါရီလ 22 ရက်နေ့က Minzy ရဲ့ 27 နှစ်ပြည့်မွေးနေ့မှာ 2NE1 အဖွဲ့ဝင်တွေဟာ အတူဆုံစည်းခဲ့ ကြပြီး အငယ်မလေးရဲ့ မွေးနေ့ကိုကျင်းပပေးခဲ့ကြပါတယ်။

သူတို့ရဲ့ ဆုံစည်းမှုကို 2NE1 အဖွဲ့ဝင်တွေအားလုံးက လူမှုကွန်ရက်မှာ Blackjack တွေအတွက် အသီးသီးမျှဝေခဲ့ကြပါတယ်။

Birthday ရှင် Minzy က “ ကျွန်မရဲ့ မွေးနေ့ကို ကျင်းပပေးလို့ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီအ တောအတွင်း 2NE1 ပထဆုံးအကြိမ်ဆုံတာပါ” လို့ရေးသားပြီး ပုံတွေလည်းမျှဝေခဲ့ပါတယ်။

Sandara Park ကလည်း “ အဖွဲ့ဝင်တွေအားလုံး ဆုံစည်းပြီး အငယ်ဆုံးလေးအတွက် မွေးနေ့ကျင်းပ ပေးခဲ့ကြပါတယ်။ ကျွန်မတို့ CL ရဲ့ စတူဒီယိုကို သွားခဲ့ကြပါတယ်။ အဲဒီမှာ Minzy ရဲ့ 2NE1 အဖွဲ့ဝင် အဖြစ် 12ကြိမ်မြောက် မွေးနေ့ဖြစ်တာကြောင့် ဖယောင်းတိုင် 12တိုင်နဲ့ပေါ့။ အဖွဲ့ဝင်တွေနဲ့တွေ့ဆုံရ တာ ဝမ်းသာခဲ့ရပါတယ်။ ရယ်မောပြီး ပျော်ရွှင်ခဲ့ရသလို ကောင်းမွန်တဲ့အချိန်တစ်ခုလည်းရခဲ့ပါတယ်။

အဖွဲ့ဝင်တွေအားလုံးဟာ တဖြည်းဖြည်းနဲ့ ရင့်ကျက်သထက် ရင့်ကျက်လာပြီး အမိုက်စားတွေဖြစ်နေ ကြပါပြီ။ ဆုံစည်းမှုအကြောင်းပြောရမယ်ဆိုရင် စာမျက်နှာ 100 လောက်ရှည်သွားမယ်လို့ ထင်ပါ တယ်။ ဟီးဟီး Love You So Much 2NE1 !!! Happy Birthday Minzy!!!” ဆိုပြီး ဖော်ပြခဲ့ပါတယ်။

Park Bom က “ ဒီအတောအတွင်း အဖွဲ့ဝင်တွေနဲ့အားလုံးတွေ့တာ ပထဆုံးအကြိမ်ပါ။ အားလုံးကို ချစ်တယ်။ Happy Birthday Minzy” ဆိုပြီး ရေးသားခဲ့သလို CL ကတော့ မွေးနေ့ရှင် Minzy ဆုမွန် ကောင်းပေးတဲ့ ဗီဒီယိုနဲ့ ပုံလေးတွေကို တင်ခဲ့ပါတယ်။

-m2t
Ref: Soompi

*Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။*

You cannot copy content of this page