— ဇန်နဝါရီလ Idol Group Brand Reputation Rankings ထိပ်ဆုံးမှာ ဘယ်သူတွေ ရပ်တည်ခဲ့သလဲဆိုတာ….
ဇန်နဝါရီလအတွက် Idol Group Brand Reputation Rankings (30) Group စာရင်းကို Korean Business Research Institute ထုတ်ပြန်ခဲ့ပါပြီ။
ဇန်နဝါရီလအတွက် Idol Group Brand Reputation Rankings (30) Group စာရင်းရဲ့ ထိပ်ဆုံး နံပါတ် (၁)နေရာမှာတော့ ပုံမှန်ထိပ်ဆုံးကပဲ ဦးဆောင်နေကြဖြစ်တဲ့ BTS အဖွဲ့က ရပ်တည် နိုင်ခဲ့ပြီး Reputation Index (15,664,084) ရရှိခဲ့ပါတယ်။
BTS ရဲ့နောက် နံပါတ် (၂) နေရာမှာတော့ အမျိုးသမီး K-pop Group BLACKPINK က ရပ်တည် နိုင်ခဲ့ပြီး Reputation Index (11,865,603) ရရှိခဲ့ပါတယ်။ နံပါတ် (၃)နေရာမှာတော့ အမျိုးသမီး အဖွဲ့တစ်ဖွဲ့ပဲဖြစ်တဲ့ TWICE က Reputation Index (9,248,874) ရရှိခဲ့ပြီး ရပ်တည်ခဲ့တာပါ။
Korean Business Research Institute ဟာ ဒီဇင်ဘာလ 23 ရက်နေ့ကနေ ဇန်နဝါရီလ 23 ရက်နေ့ အထိ Idol Group တွေရဲ့ အနုပညာလှုပ်ရှားမှုတွေ၊ မီဒီယာတွေရဲ့ဖော်ပြမှုတွေ၊ ဆိုရှယ်မီ ဒီယာမှာ ကျော်ကြား မှုတွေ စတဲ့ အချက်အလက်တွေကို တွက်ချက်ပြီး တစ်လအတွင်း ပေါ်ပြူလာ အဖြစ်ဆုံး ဒီစာရင်း ထုတ်ပြန်တာလည်း ဖြစ်ပါတယ်။
ဇန်နဝါရီလအတွက် Idol Group Brand Reputation Rankings (30) Group စာရင်း
1# BTS ၊ 2# BLACKPINK ၊ 3# TWICE ၊ 4# (G)I-DLE ၊ 5# IZ*ONE ၊ 6# NCT ၊ 7# SEVENTEEN ၊ 8# EXO ၊ 9# GFRIEND ၊ 10# MAMAMOO
11# Oh My Girl ၊ 12# NU’EST ၊ 13# SHINee ၊ 14# ITZY ၊ 15# TREASURE ၊ 16# The Boyz ၊ 17# ASTRO ၊ 18# MONSTA X ၊ 19# TXT ၊ 20# WJSN
21# APRIL ၊ 22# aespa ၊ 23# Red Velvet ၊ 24# AB6IX ၊ 25# Girls’ Generation ၊ 26# Stray Kids ၊ 27# VICTON ၊ 28# ENHYPEN ၊ 29# MOMOLAND ၊ 30# LOONA
-m2t
Ref: Soompi
*Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။*