K pop

■ Rose’ ရဲ့ ပါဝါကို အံ့အားသင့်ပြီး ချီးကျူးခဲ့တဲ့ Saint Laurent

—- Saint Laurent Brand ဟာ Rose’ ရဲ့ ပါဝါကြောင့် အာရှတစ်ခွင်မှာ ပါးပြောင်နေတာ ခဏခဏပါပဲ….

Saint Laurent Brand ဟာ သူတို့ရဲ့ 2021 Summer Women’s Brand Fashion Show video ဟာ Views သန်း 100 ကျော်သွားခဲ့လို့ Rose’ ရဲ့ ပေါ်ပြူလာဖြစ်တဲ့ Global ပါဝါကို အံ့အားသင့်ပြီး ချီးကျူး လိုက်ပါတယ်။

Saint Laurent Brand ရဲ့ဖော်ပြချက်အရ 2021 Summer Women’s Brand Fashion Show Video (WOMEN’S SUMMER 21) ဟာ Views သန်း 120.8 သန်းရှိခဲ့ပါတယ်။ ဗီဒီယိုဟာ ဒီဇင်ဘာလ 15 ရက်နေ့က ထုတ်လွှင့်တာဖြစ်သလို 11မိနစ်စာဖြစ်ပါတယ်။ သဲကန္တရအလယ်မှာ Brand နဲ့မော်ဒယ် တွေ လမ်းလျှောက်တဲ့ဗီဒီယိုဖြစ်ပါတယ်။

အဆိုပါဗီဒီယိုဟာ စတင်ထုတ်လွှင့်ပြီး တစ်ရက်အတွင်း YouTube မှာ 27.3 သန်း Veiws၊ Instagram နဲ့ Facebook မှာ 11 သန်း Views ၊ Weibo မှာ 30.6 သန်း Views အထိအားပေးမှုရရှိခဲ့ပါတယ်။ အဲဒီ လို WOMEN’S SUMMER 21 ဗီဒီယို ကို ပရိသတ်အားပေးမှုရရှိခဲ့ခြင်းအကြောင်းအရင်းက Saint Laurent Brand ရဲ့ သံတမန် Rose’ ကြောင့်ဖြစ်ပါတယ်။

Rose’ ဟာ ဗီဒီယိုစတင်ထုတ်လွှင့်တဲ့နေ့မှာ Link ကိုယူပြီး သူမရဲ့ Instagram မှာ “ ကျွန်မနဲ့အတူ သွားကြည့်ကြမယ်” ရေးသားကာ တစ်ကမ္ဘာလုံးက BLINK တွေကို မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။

Saint Laurent က “ Fashion Show ဗီဒီယိုဟာ လူတွေရဲ့ပေါ်ပြူလာဖြစ်ခြင်းကို ဆွဲဆောင်မှုရရှိစေ တဲ့ အရာဖြစ်ပါတယ်။ ဒါပေမဲ့ Rose’ ကတော့ သူရဲ့ ပေါ်ပြူလာဖြစ်မှုနဲ့ ဗီဒီယိုကို Views တွေမြင့်တက် အောင် ပြုလုပ်ပေးနိုင်ခဲ့တာပါ။ အနာဂတ်မှာ Rose’ နဲ့ အကျိုးတူးပူးပေါင်းမှုတွေ အများကြီးလုပ်ချင်ပါ တယ်” လို့ ဖော်ပြခဲ့ပါတယ်။

-m2t
Ref: Allkpop

*Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။*

You cannot copy content of this page