K pop
■ Jungkook ရဲ့ ဘဝမှာ မရှိမဖြစ် အရေးအပါဆုံးအရာနှစ်ခု
-UNICODE
– – – ဒီအရာနှစ်ခုသာ မရှိရင် သူ့ဘဝဟာ ပျော်စရာကောင်းမှာ မဟုတ်ဘူးလို့ Jungkook က ဆိုခဲ့တာပါ။
BTS အဖွဲ့ဝင် Jungkook ဟာ လက်ရှိအချိန်မှာတော့ ကမ္ဘာကျော်စူပါစတားတစ်ယောက်ဖြစ်နေပြီး ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းလျက် ရှိနေပါတယ်။
ဒါပေမဲ့ အဲဒီလို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းဖို့အတွက် Jungkook ရဲ့ဘဝမှာ မရှိမဖြစ် အရေးအပါဆုံးအရာနှစ်ခု ရှိနေပါတယ်။ Mini Masterclass မှာ BTS အဖွဲ့ပါဝင်စဉ်မှာတော့ Idol တစ်ယောက်အနေနဲ့ ကျေနပ်အရဆုံးအရာတွေကို ဖွင့်ဟခဲ့ပါတယ်။
အဲဒီမှာ BTS အဖွဲ့ဝင်တွေဟာ ဂီတနဲ့ ပတ်သက်ပြီး သူတို့ရဲ့ ခံယူချက်တွေကို ဖွင့်ဟခဲ့ပါတယ်။ Jimin က “Concert မှာ ဖျော်ဖြေရတာ သူအကြိုက်ဆုံးအရာ ဖြစ်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။ အဲဒီနောက် Jungkook ကလည်း သူ့ဘဝရဲ့ မရှိမဖြစ် အရေးပါဆုံးအရာနှစ်ခုကို ဖွင့်ဟခဲ့ပါတယ်။
Jungkook ရဲ့ ဘဝမှာ အရေးပါဆုံးအရာနှစ်ခုကတော့ တခြားမဟုတ်ဘဲ ARMY နဲ့ ဖျော်ဖြေတာပဲ ဖြစ်ပါတယ်။ “ကျွန်တော်တို့ရဲ့ ARMY တွေနဲ့ ဖျော်ဖြေမှုတွေပါ။ ဒီအရာနှစ်ခုသာ ရှိမယ်ဆိုရင် ဘဝကို ပျော်ပျော်ရွှင်ရွှင် ရှင်သန်နိုင်မှာပါ”လို့ Jungkook က ဆိုခဲ့တာပါ။
ဒါကြောင့် Jungkook ရဲ့စကားဟာ ARMY တွေအတွက်တော့ တကယ့်ကိုကြည်နူးစရာ ဖြစ်ခဲ့တယ်လို့ ဆိုရမှာပါ။
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *
-ZAWGYI
Ref: Koreaboo
You cannot copy content of this page