K pop
■ Suga ကို ပထမဆုံး စမြင်မြင်ချင်းမှာပဲ J-Hope တစ်ယောက် အထိတ်တလန့်ဖြစ်ခဲ့ရပါသတဲ့
-UNICODE
– – -ဒီဖြစ်ရပ်လေးက ဘယ်အချိန်ပဲ ပြန်ပြောင်းပြောပြော တကယ့်ကို အမှတ်ရစရာကောင်းတဲ့ BTS အဖွဲ့ဝင်တွေကြားက…
BTS အဖွဲ့ဝင်တွေဟာ လက်ရှိအချိန်မှာတော့ တစ်ယောက်နဲ့တစ်ယောက် ချစ်ချစ်ခင်ခင်၊ စည်းစည်းလုံးလုံးနဲ့ ဖြတ်သန်းလျက်ရှိနေတာကို တွေ့ရမှာပါ။
BTS အဖွဲ့ဝင်တချို့ရဲ့ ပထမဆုံးတွေ့ဆုံစဉ်အခါက အကြောင်းအရာတချို့ဟာ စိတ်ဝင်စားဖို့ကောင်းပြီး အခုနေ ပြန်ပြောင်းကြည့်ရင်း ခံစားချက်တစ်မျိုးကို ဖြစ်ပေါ်စေမှာ ဖြစ်ပါတယ်။
BTS အဖွဲ့ထဲမှာမှ J-Hope အနေနဲ့ Suga ကို ပထမဆုံးတွေ့ဆုံစဉ်အခါကဖြစ်ရပ်က စိတ်ဝင်စားစရာပါပဲ။ ဒီအကြောင်းကို BTS အဖွဲ့ MBC‘s C-Radio Idol True Colors မှာ ပါဝင်စဉ်အခါက ဖွင့်ဟခဲ့တာပါ။
J-Hope ဟာ သင်တန်းသားဖြစ်လာတော့ သူတို့ရဲ့ Dorm ကိုသွားစဉ်မှာ Suga ကို မြင်လိုက်ရတဲ့အခါမှာတော့ မထိတ်သာ၊ မလန့်သာ ဖြစ်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါကတော့ Suga ဟာ ဘာကိုမှ မဝတ်ဘဲ အတွင်းခံဘောင်းဘီနဲ့သာ လျှောက်သွားနေခဲ့တာပါ။
Suga ကတော့ သူ့အနေနဲ့ ရေချိုးခန်းထဲက ထွက်ထွက်လာချင်းဖြစ်တာကြောင့်လို့ ပြန်ရှင်းပြခဲ့ပါတယ်။ အဲဒီနောက် Suga ရဲ့ပုံစံကို မြင်တဲ့အခါ သူ့အနေနဲ့ ရှက်ခဲ့ရကြောင်းလည်း J-Hope က ဖွင့်ဟခဲ့ပါတယ်။
ဒီဖြစ်ရပ်လေးက ဘယ်အချိန်ပဲ ပြန်ပြောင်းပြောပြော တကယ့်ကို အမှတ်ရစရာကောင်းတဲ့ BTS အဖွဲ့ဝင်တွေကြားက အမှတ်တရပါပဲ။
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *
-ZAWGYI
Ref: Koreaboo
You cannot copy content of this page