K pop

■ BTS အဖွဲ့ဝင်တွေ ပြောတဲ့ BTS ရဲ့ အနာဂတ်

– – – ပွဲမထွက်တုန်းက BTS နဲ့ အခု BTS ကြားမှာ တူညီတာ တစ်ခုရှိပါတယ်။ အဲဒါကတော့ အနာဂတ်ဆိုတာ ကြိုမမြင်နိုင်ဘူးဆိုတဲ့ အမြင်ပါပဲ။

BTS အဖွဲ့ရဲ့ ဒီဘက်နှစ်ပိုင်းအောင်မြင်မှုတွေက ကြောက်ခမန်းဖြစ်ပေမယ့် သူတို့ကတော့ အနာဂတ်အတွက် စိုးရိမ်မှုတွေ ရှိနေဆဲပါပဲ။ တလောက ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ BTS အဖွဲ့ဝင်တွေဟာ အဖွဲ့ရဲ့အနာဂတ်အကြောင်းတွေကို ပြောပြခဲ့ပါတယ်။

“ပရိသတ်တွေ အားပေးမှုကြောင့် ပင်ပန်းမှုတွေကို မေ့ထားပြီး ကျွန်တော်တို့ ရှေ့ဆက်နိုင်ခဲ့တာပါ။ ကျွန်တော်ကတော့ အနာဂတ်အကြောင်းကို သိပ်မတွေးပါဘူး။ ဘာလို့လဲဆိုတော့ အနာဂတ်ဆိုတာ ဝေးပါတယ်။ အခုအချိန်မှာ ARMYs တွေနဲ့ ပျော်နိုင်ဖို့ကိုပဲ ကျွန်တော် တွေးပါတယ်”- Jin

“BTS ကတော့ ကျွန်တော်တို့ သွားနိုင်သလောက် သွားနေမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ တကယ်တော့ ကျွန်တော်တို့ အလုပ်က တစ်ယောက်တည်း ရှေ့ဆက်ချင်လို့ မရသလို၊ တစ်ယောက်တည်း ရပ်ပစ်ချင်လို့ ရတဲ့ အလုပ်မျိုးမဟုတ်ပါဘူး။ အချိန်တွေ ကုန်လာတယ်။ ကျွန်တော်တို့ အသက်တွေကြီးလာတယ်။ အသစ်တွေ ပေါ်လာတယ်။ ဒါတွေက ကျွန်တော်တို့ တားဆီးနိုင်တဲ့ အရာတွေ မဟုတ်ပါဘူး။ ဒီတော့ တစ်နေ့မှာ ကျွန်တော်တို့ အခုပိုင်ဆိုင်နေတဲ့ အခြေအနေနဲ့ ခြားနားသွားမှာပါ။ ဒါပေမဲ့ ကျွန်တော်ကတော့ ဂီတတွေကို ဖန်တီးနိုင်ဦးမယ်လို့ ယုံကြည်ပါတယ်”- Suga

“ဒီနေ့ခေတ်မှာ collaborate လုပ်ရတာက အရမ်းကို လွယ်ပါတယ်။ ဒါကြောင့် စိတ်ဝင်စားတယ်၊ ဆက်သွယ်မှု ကောင်းတယ်ဆိုရင် worldwide artists ဖြစ်ဖို့ လွယ်ကူပါတယ်။ အနာဂတ်မှာ အခုထက်ပိုတဲ့ အခွင့်အရေးတွေရရင် တကယ်ကို ကောင်းမှာပါ”- J-Hope

“အခုအချိန်က ကျွန်တော်တို့ရဲ့ လူငယ်ဘဝ ထိပ်ဆုံးကို ရောက်နေတဲ့အချိန်ပါ။ တကယ်လို့ အနာဂတ်မှာ ကျွန်တော်တို့ အားပေးတဲ့လူတွေ လျော့သွားခဲ့မယ်ဆိုရင်တောင် ARMYs တွေရဲ့ အသံတွေ ရှိနေသရွှေ့ ကျွန်တော်တို့ ပျော်ရွှင်နေဦးမှာပါ” – V

– ဃဲ
Ref: Koreaboo & Photos Credits.

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page