K pop

■ D.O. ပြန်လာတဲ့အထိမ်းအမှတ်အမှတ်တရပစ္စည်းကို EXO-L တွေ မလိုချင်ဘူးလား

—- SM Entertainment ဟာ EXO အဖွဲ့ဝင် D.O. အနေနဲ့ စစ်မှုတာဝန်ထမ်းဆောင်ပြီး ပရိသတ်တွေ ဆီပြန်လာမယ့် အထိမ်းအမှတ်အနေနဲ့ လည်ဆွဲအမှတ်တရပစ္စည်းဖန်တီးပြီး ရောင်းချနေပြီလို့ သိရပါ တယ်။

SM Entertainment ဟာ အဆိုပါ D.O. အထိမ်းအမှတ် လည်ဆွဲကို ကိုဖော်ပြခဲ့ပြီး SMTOWN &STORE မှာ EXO-L တွေအတွက် အရောင်းတင်မယ်လို့ သိရပါတယ်။ Pre-Order ကိုလည်း ဇန်နဝါရီလ 25 ရက်နေ့မှ စတင်ပြီး ပြုလုပ်မှာဖြစ်မှာဖြစ်ပါတယ်။

လည်ဆွဲမှာ D.O. ရဲ့နာမည်၊ EXO အမှတ်တံဆိပ်၊ သော့ နဲ့ စစ်မှုတာဝန်ပြီးဆုံးမယ့် ရက်တွေ ပုံမှာ ပြထားသလို ပါမှာဖြစ်ပါတယ်။

D.O. ဟာ ဒီဇင်ဘာလ 28 ရက်နေ့က COVID19 စည်းကမ်းအချို့ကြောင့် စစ်တပ်ကနေ နေအိမ်ကို ပြန်ရောက်နေပြီဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ တရားဝင်စစ်မှုထမ်းတာဝန်ပြီးဆုံးမယ့်ရက်ကတော့ ဇန်နဝါ ရီလ 25 ရက်နေ့ဖြစ်ပါတယ်။ တရားဝင်စစ်မှုတာဝန်ပြီးဆုံးမယ့်ရက်မရောက်ခင်မှာ D.O. ဟာ ဘာအနု ပညာလှုပ်ရှားခွင့်မှမရှိတာဖြစ်ပါတယ်။

-m2t
Ref: Allkpop

*Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။*

You cannot copy content of this page