K pop

■ ကုန်တိုက်တိုင်းမှာ BLACKPINK ရဲ့ကြော်ငြာပုံရိပ်တွေက အမြဲတမ်းရှိနေတယ်

—– K Netizen တွေဟာ တောင်ကိုရီးယားနိုင်ငံရဲ့ ကုန်တိုက်အကြီးကြီးတွေမှာ BLACKPINK ရဲ့ Brand တွေရဲ့ ကြော်ငြာပုံရိပ်တွေအမြဲတမ်းမြင်တွေ့နေရတာကို ချီးကျူးနေကြပါတယ်။

BLACKPINK အဖွဲ့ဟာ လက်ရှိအချိန် ကမ္ဘာကျော် K-pop Icon အမျိုးသမီးအဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။ ဒါ ကြောင့် အဖွဲ့ဝင်တွေဟာ နာမည်ကြီး ဖက်ရှင်၊ အလှကုန် Brand တွေရဲ့ သံတမန်တွေ၊ ကြော်ငြာ မော်ဒယ်တွေအဖြစ် ခန့်အပ်ခံထားရတာပါ။

မကြာသေးခင်က K Netizen တစ်ဦးရဲ့ ပို့စ်တစ်ခုဟာ BLINK တွေအကြားရေပန်းစားခဲ့ပါတယ်။ အဆို ပါ K Netizen တစ်ဦးတင်ထားတာက တောင်ကိုရီးယားနိုင်ငံ အထင်ကရမြို့ကြီးတွေမှာတဲ့ ကြီးမားတဲ့ ကုန်တိုင်းမှာ BLACKPINK အဖွဲ့ရဲ့ ဖက်ရှင်၊ အလှကုန် ကြော်ငြာပုံရိပ်တွေကို အလွယ်တကူရှာဖွေ တွေ့ရှိနိုင်တယ်ဆိုတာကို ဖော်ပြခဲ့တာပါ။

BLACKPINK အဖွဲ့ဝင်တွေအားလုံးဟာ ထိတ်ထိတ်ကြဲကြဲ Brand တွေရဲ့ မော်ဒယ်တွေဖြစ်တာကြောင့် သူတို့ရဲ့ပုံရိပ်တွေကို နေရာအနှံ့တွေ့မြင်နေကြတာဖြစ်ပါတယ်။ Lisa ဆိုရင် MAC မိတ်ကပ် Brand ရဲ့ Global သံတမန်ဖြစ်သလို Rose’ ဆိုရင် Saint Laurent ရဲ့ Global သံတမန်ဖြစ်ပါတယ်။

Jisoo ဆိုရင်လည်း Dior ရဲ့ အလှနတ်သမီးလေးဖြစ်ပြီး Jennie ဆိုရင်လည်း Hera ရဲ့ Iconic မော် ဒယ်တစ်ဦးဖြစ်သလို BLACKPINK အဖွဲ့ရဲ့ အဖွဲ့လိုက်မော်ဒယ်ကြော်ငြာတွေကလည်း အများကြီးရှိပါ တယ်။

-m2t
Ref: Allkpop

*Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။*

You cannot copy content of this page