K pop

■ Jin ကြုံတွေ့ခဲ့ရတဲ့ ဒီအခိုက်အတန့်တွေကိုကြားရင် ARMY တွေ မငိုကြေး

Jin ရဲ့ ဒီဖွင့်ဟချက်ကို ARMY တွေသာကြားရင် လုံးဝဆို့နင့်သွားမှာဖြစ်ပြီး…..

BTS အဖွဲ့ဟာ ဒီနေ့လို ကမ္ဘာနဲ့ချီပြီး အောင်မြင်မှု သိမ်းပိုက်နိုင်ဖို့ ကြမ်းတမ်းတဲ့ ခရောင်းလမ်းကို ဖြတ်ကျော်ခဲ့ရတာပါ။

အဖွဲ့ဝင်တစ်ယောက်ချင်းစီတိုင်းက ခက်ခဲကြမ်းတမ်းတဲ့လမ်းကို နင်းလျှောက်ခဲ့ရပြီး တကယ့်ကို ကြေကွဲစရာကောင်းခဲ့တာပဲ ဖြစ်ပါတယ်။ BTS ရဲ့ အသက်အကြီးဆုံးအဖွဲ့ဝင် Jin ကလည်း ကြေကွဲဖွယ်ရာ အခိုက်အတန့်တွေကို ကြုံတွေ့ခဲ့ရတာပါ။

သူငယ်ချင်းတွေကို ဆုံးရှုံးခဲ့ရတဲ့ Jin

လောကတရားအရ တစ်ဖက်မှာ အောင်မြင်မှုများစွာ ရရှိလာသလို တခြားတစ်ဖက်မှာလည်း ဆုံးရှုံးမှုတွေ ဖြစ်ပေါ်စမြဲပါ။ Jin ဟာ ကမ္ဘာနဲ့ချီပြီး အောင်မြင်မှုတွေ ရယူလာနိုင်တာနဲ့အမျှ တစ်ဖက်မှာလည်း သူငယ်ချင်းတွေကို ဆုံးရှုံးခဲ့ရပါတယ်။ Jin ဟာ သူငယ်ချင်းတွေအပေါ် စိတ်မပြောင်းလဲပေမဲ့ သူ့ရဲ့ အနေအထားအရ အလုပ်တွေရှုပ်လာပြီး သူငယ်ချင်းတွေနဲ့တွေ့ဆုံဖို့ခက်ခဲလာခဲ့ပါတယ်။

BTS နဲ့ အောင်မြင်မှုတွေနဲ့ မထိုက်တန်ဘူးလို့ ခံစားရခဲ့စဉ်က

Jin ဟာ တလောတုန်းက Abyss သီချင်းထွက်တော့ အဲဒီသီချင်း ထုတ်ဝေတာနဲ့ ပတ်သက်ပြီး ARMY တွေထံ စာတစ်စောင်ရေးသားခဲ့ပါတယ်။ အဲဒီစာထဲမှာ Jin က BTS အဖွဲ့ Billboard အဆင့်အထိ အောင်မြင်မှုတွေ ရယူနိုင်တာနဲ့ ပတ်သက်ပြီး ဂုဏ်ယူမိပေမဲ့ အဲဒီအောင်မြင်မှုတွေက သူနဲ့ အမှန်တကယ် ထိုက်တန်ပါ့မလားဆိုတာ တွေးခဲ့မိကြောင်း၊ ဒါပေမဲ့ Bang PD က သူ့ကို အားပေးစကားပြောကြားခဲ့ကြောင်း ထည့်ရေးခဲ့ပါတယ်။

မွေးနေ့မက်ဆေ့ချ်တွေ အများကြီး မရခဲ့တဲ့ Jin

Jin ဟာ တလောက ကျရောက်တဲ့ သူ့မွေးနေ့မှာ Live လွှင့်ပြီး ထင်မှတ်ထားသလောက် မွေးနေ့မက်ဆေ့ချ်တွေ အများကြီး မရတဲ့အကြောင်း ဖွင့်ဟခဲ့ပါတယ်။ မနက် (၁) နာရီအထိ မအိပ်ဘဲ စောင့်ခဲ့ပေမဲ့ သူထင်မှတ်ထားသလောက် မွေးနေ့မက်ဆေ့ချ်တွေ အများကြီး မရခဲ့ကြောင်း၊ အဲဒီအကြောင်းကို မအိပ်ခင် BTS အဖွဲ့ဝင်တွေကို ပြောဖြစ်ကြောင်း Jin က ဖွင့်ဟခဲ့ပါတယ်။ မနက်မိုးလင်းတဲ့အခါမှာတော့ မွေးနေ့မက်ဆေ့ချ် (၁၀) စောင်ကျော်အထိ ရှိနေခဲ့ပါတယ်။ အဲဒီအထဲက (၇)၊ (၈) စောင်လောက်ဟာ V အနေနဲ့ သူ့ သူငယ်ချင်းတွေကို ပြောပြပြီး Jin ထံ မက်ဆေ့ချ်ပို့ခိုင်းခဲ့တာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး V ကို ကျေးဇူးတင်ကြောင်းလည်း Jin က ဖွင့်ဟခဲ့ပါတယ်။

You cannot copy content of this page