K pop

■ အဖွဲ့ခေါင်းဆောင် ပြောင်းလဲခဲ့ကြတဲ့ K-Pop အဖွဲ့ (၃) ဖွဲ့

– – -ဒီအဖွဲ့တွေက ထူးခြားစွာနဲ့ မူလစီစဉ်ထားတဲ့ ခေါင်းဆောင်နေရာကို အပြောင်အလဲ ပြုလုပ်ခဲ့တာ…..

WINNER

WINNER အဖွဲ့ဟာ WIN: Who Is Next Show ကနေ မွေးဖွားလာတဲ့ အဖွဲ့ဖြစ်ပြီး အစောပိုင်းမှာ Mino ကို အဖွဲ့ခေါင်းဆောင်အဖြစ် ခန့်အပ်ဖို့ ရွေးချယ်ထားခဲ့တာပါ။ ဒါပေမဲ့ Mino ဟာ Show တစ်ဝက်မှာ ဒဏ်ရာရခဲ့ပြီး လေ့ကျင့်ရေးအစီအစဉ်တွေမှာ အဖွဲ့ကို ဦးဆောင်နိုင်ခဲ့ခြင်းမရှိပါ်ဘူး။ ဒါကြောင့် Yang Hyun Suk ဟာ Seungyoon ကို ခေါင်းဆောင်အဖြစ် ပြောင်းလဲ ခန့်အပ်ခဲ့ပါတယ်။

CLC

CLC အဖွဲ့ဟာ ၂၀၁၅ ခုနှစ်မှာ ပွဲထွက်ခဲ့တာဖြစ်ပြီး အစောပိုင်းမှာ Seunghee ကို အဖွဲ့ခေါင်းဆောင်အဖြစ် ခန့်အပ်ခဲ့တာပါ။ ဒါပေမဲ့ ၂၀၁၆ ခုနှစ်မှာ Eunbin နဲ့ Elkie တို့ အဖွဲ့ဝင်အသစ်အဖြစ် ဝင်လာပြီးနောက်မှာတော့ ှSeunghee ဟာ အဖွဲ့ကို ပိုမိုကျစ်လျစ်စေဖို့ ခေါင်းဆောင်နေရာကနေ နုတ်ထွက်ခဲ့ပါတယ်။ အဲဒီနောက် Seungyeon ဟာ အဖွဲ့ခေါင်းဆောင် ဖြစ်လာခဲ့ပါတယ်။

T-ara

T-ara အဖွဲ့က ထူးခြားပြီး အဖွဲ့ခေါင်းဆောင်ကို အလှည့်ကျ လုပ်ရတာပါ။ T-ara အဖွဲ့ဝင်တွေဟာ တစ်နှစ်ကို အလှည့်ကျ အဖွဲ့ခေါင်းဆောင်လုပ်ဆောင်ရတာပါ။ သူတို့အေဂျင်စီက အဖွဲ့ဝင်တွေကို ခေါင်းဆောင်ပိုင်း အတွေ့အကြုံ ရရှိစေဖို့ ရည်ရွယ်တာပါ။ T-ara အဖွဲ့ပွဲထွက်တဲ့ ၂၀၀၉ ခုနှစ်မှာ Jiae က အဖွဲ့ခေါင်းဆောင်ဖြစ်ပြီး သူမ ထွက်သွားပြီးနောက်မှာ Eunjung က ခေါင်းဆောင် ဖြစ်လာပါတယ်။ အဲဒီနောက် Boram၊ Hyomin၊ Soyeon တို့က အလှည့်ကျ ထမ်းဆောင်ခဲ့ပါတယ်။

You cannot copy content of this page