K pop

■ YouTube Views အမြန်ဆုံးပြည့်တဲ့ မိုင်တိုင်တစ်ခုကို ရောက်ခဲ့ပြန်တဲ့ BTS ရဲ့ “Dynamite”

—- BTS အဖွဲ့ရဲ့ စံချိန်မိုင်တိုင်တွေ တစ်ခုပြီး တစ်ခုစိုက်ထူနေတဲ့ “Dynamite” MV ဟာ အခုအခါမှာ လည်း YouTube Views မိုင်တိုင်တစ်ခုကို ရောက်ခဲ့ပြန်ပါပြီ…

ဇန်နဝါရီလ 24 ရက်နေ့ ကိုရီးယားစံတော်ချိန် 12:26 PM မှာ BTS ရဲ့ “Dynamite” MV ဟာ YouTube Views သန်း (800)ပြည့်တဲ့ မိုင်တိုင်ကို ရောက်ရှိခဲ့ပါတယ်။ ဒါကြောင့် BTS ရဲ့ “Dynamite” MV ဟာ YouTube Views သန်း (800) အမြန်ဆုံးပြည့်တဲ့ K-pop Group MV အဖြစ် သမိုင်းမှတ်တမ်းဝင်ခဲ့ပါပြီ။

“Dynamite” MV ကို 2020 ခုနှစ် သြဂုတ်လ 21 ရက်၊ ကိုရီးယားစံတော်ချိန် 1PM မှာ စတင်ထုတ်လွှင့် ခဲ့တာဖြစ်ပြီး YouTube Views သန်း (800)ပြည့်ဖို့ ကြာချိန်က 5လ လောက်ပဲရှိခဲ့ပါတယ်။

အရင်က YouTube Views သန်း (800)ပြည့်တဲ့ K-pop Group MV အဖြစ် မှတ်တမ်းတင်ထားတာက တော့ BLACKPINK အဖွဲ့ရဲ့ “DDU-DU DDU-DU” MV ဖြစ်ပြီး 10 လ 26 ရက်နဲ့ စံချိန်တင်ထားတာ ဖြစ်ပါတယ်။

အခုအခါ BTS အဖွဲ့ဟာ YouTube Views သန်း 800 ပြည့်တဲ့ MV (၆)ပုဒ်မြောက်ကို ပိုင်ဆိုင်နိုင်ခဲ့ပြီ ဖြစ်ပြီး “DNA,” “Boy With Luv,” “Fake Love,” “MIC Drop (Steve Aoki Remix),” ၊ “IDOL.” နဲ့ “Dynamite” တို့ဖြစ်ကြပါတယ်။

-m2t
Ref: Soompi

 

You cannot copy content of this page